one shot (uni)

5.8K 344 86
                                    

အမှုစစ်များ၊ အချုပ်သားများ၊တရားခံများ၊တရားလိုများဖြင့် ရှုပ်ထွေးပွေလီလှသော နေရာတွင် ကောင်လေးတစ်ယောက်ကတော့ အလုပ်တွေရှုပ်နေတဲ့ စုံထောက်လေးတစ်ယောက်ကို ငေးကြည့်နေလျှက်။စခန်းရှိ လူများကတော့ မနက်တိုင်းမြင်နေကျ မြင်ကွင်းဖြစ်၍ အထူးအဆန်းပင်မလုပ်တော့။ကောင်လေးမှာကား အသက်16ပင်မပြည့်သေး။ကလေးရုပ်ပင်မပျောက်သေးပေ။ဒါကို ကလေးပေါက်စက စုံထောက်ကြီးကို ချစ်သတဲ့။ဟင်း.....

"ကလေးပေါက်စ...မင်းမပြန်သေးဘူးလား "

"ဟင့်အင်း ခင်ဗျားကိုဝအောင်ကြည့်ဦးမှာ.."ခုံကို ကားယားခွထိုင်ကာ မေးထောက်လျှက် ပြုံးပြုံးလေးကြည့်နေရာမှ ဆိုသည်။မျက်လုံးလေးက ကြည်လင်နေပီးအရောင်တွေတောက်ပကာ အပြုံးများက ပကတိဖြူစင်နေ၏။

"မင်းထက် 6နှစ်ကြီးတဲ့ အကြီးကိုရိုသေစမ်း ကလေးပေါက်စ"

"ခင်ဗျားက ကျွန်တော့်ကို ပြန်ချစ်ရင် ခင်ဗျားသဘောအတိုင်းပဲ"

ပြောနေသည့် ကလေးပေါက်စကတော့ ဘယ်လိုမှမနေပေမယ့် အပြောခံရသည် လူကြီးပေါက်စကတော့ ရှက်တာလား ဒေါသထွက်တာလားမသိ မျက်နှာကြီး နီ၍ပင်လာသည်။အခြားသူများမကြားဘူးလားဆိုတော့ ကြားပါသည်။စစချင်းတွင်တော့ အံ့သြကြပေမယ့် တစ်နေ့တစ်ခေါက် အမြဲတမ်းလိုလိုကြားနေရတော့ နားထောင်နေကျလိုပင်ဖြစ်လာသည်။

"ဒီနေရာက ကလေးတွေနဲ့မသက်ဆိုင်ဘူး အခုချိန်မှာ ဒီအသက်အရွယ်က စာလုပ်ရမယ့်အရွယ်"

"စာကရပီးသားလေ မရသေးတာက ခင်ဗျား။ ရပီးသားနေရာကိုသွားမယ့်အစား မရသေးတဲ့ခင်ဗျားအနား ကပ်နေရမှာပေါ့ မဟုတ်ဘူးလား"

"မင်း!အပြင်ထွက်လာခဲ့"

စခန်း၏ အပြင်၌..

"ဒီမယ် ဒီနေရာက ကလေးတွေနဲ့ သက်ဆိုင်တဲ့နေရာမဟုတ်ဘူး။အမြဲတမ်းလာနေတာတွေ ရပ်လိုက်တော့"

"ဒါဆိုဘယ်လိုလုပ်မှ ဒီနေရာကိုလာရမှာလဲ စုံထောက် လွမ်းမောရိပ်"

နရံကို ခပ်လျှောလျှောမှီကာ ထီမထင်သောမျက်နှာထားနှင့် ပြောနေသူက အသက်နှင့်မှမလိုက်။

ခင်ဗျားရဲ့ကလေးပေါက်စ (one shot)Donde viven las historias. Descúbrelo ahora