________________________
မင်္ဂလာလက်ထပ်ပွဲတစ်ခု ခမ်းနာထည်ဝါစွာကျင်းပနေတယ် ပုံမှန်နဲ့မတူပဲ လက်ထပ်နေကြတာ ကောင်လေးနှစ်ဉီး
တစ်စုံတစ်ဉီးကိုပိုင်ဆိုင်လိုက်ရလို့ ပျော်ရွှင်နေတဲ့ ကောင်လေး
သိမ်းပိုက်ခံလိုက်ရလို့ ရင်ထဲမှာ အမုန်းမီးစတွေ စတိုးပွားနေတဲ့ ကောင်လေး
ဖာသာရဲ့ စကားအတိုင်း တစ်နဲ့တစ်ဉီး ဂတိသစ္စာဆိုကြတယ် ဒါပေမဲ့ ရှောင်ကျန့်ရင်ထဲမှာ ဆန့်ကျင်ဘက်ကိုပဲ ပြုလုပ်ဖို့ တိုင်တည်တယ်
* မင်းပျော်နေလား မင်အပျော်တွေ ပျက်စေဆီးစေရမယ်လို့ ငါ ရှောင်ကျန့် ဘုရားသခင်ရှေ့မှောက်မှာ သစ္စာဆိုတယ်*
* မင်းမုန်းနေမယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ မင်းအမုန်းတွေ ပျောက်ပျယ်သွားဖို့ ငါ့ကိုချစ်လာဖို့ မင်းကို ပိုပိုပြီး ချစ်ပေးမှာပါ ရှောင်း ငါ ဝမ်ရိပေါ် ရေရှုဘုရားသခင်ရှေ့မှာသစ္စာဆိုတယ် မင်းကို ငါ့တစ်ဘဝလုံးပျော်ရွှင်အောင်ထားမယ်*
တစ်ဉီးချင်းစီရဲ့ ရင်းတွင်း စကားသံတွေ
နာကျင်နေတဲ့ နှလုံးသားနဲ့ ပျော်ရွှင်နေတဲ့ နှလုံးသား ဘယ်လို ပေါင်းစည်းကြမလဲ
.
.
.လက်ထပ်ပြီးလို့ ရက်တွေတစ်ရက်ပြီးတစ်ရက် ပြောင်းလဲလာတယ် သူတို့လက်ထပ်ပြီးတာ တစ်ပတ်အကြာ
မပြောင်းလဲသေးတဲ့ ရှောင်ကျန့်ရဲ့ အမုန်းတရားတွေ သူ့ကိုသိမ်းပိုက်ထားတဲ့ ဝမ်ရိပေါ်ကို တစ်ဘဝစာမကျေနပ်ဘူး ငွေဆိုတာ ဝမ်ရိပေါ်အတွက်အရမ်းပေါနေရင် လွှင့်ပစ်လိုက် သူ့ကိုဘာလို့ ဝယ်ထားရတာလဲလို့ ရှောင်ကျန့်တွေးနေမိတယ်
တဖြည်းဖြည်းနဲ့ ပိုပိုတိုးလားတဲ့ ဝမ်ရိပေါ်ရဲ့ အချစ်များ ဘာလို့များ ရှောင်းမပြောင်းလဲနိုင်ရတာလဲ သူနားမလည်ပါ ရှောင်းအမေရဲ့ သဘောအတိုင်းကို သူလက်ခံပါရဲ့နဲ့ ရှောင်းရဲ့ အချစ်ကို သူမပိုင်ဆိုင်နိုင်သေးဘူး မင်္ဂလာဉီးညမှာ အရက်တွေသောက်ပြီး ပေါက်ကွဲခဲ့တဲ့ ရှောင်းဟာ သူ့ကို အရမ်းမုန်းပါတယ်ဆိုပြီး တတွတ်တွတ်ပြောနေခဲ့တာ ဝမ်ရိပေါ် ရင်တွေ ကွဲကြေရပါတယ်
YOU ARE READING
🎐 ရှောင်းမုန်းတဲ့ကျွန်တော် 🎐 (One Short)
Historia Cortaနောင်တတွေနဲ့ရှင်သန်မယ်.... အပြစ်တွေကိုပေးစပ်မယ်.... ❤︎Xiao❤︎ J.J.