Toxic but Sweet

3.1K 330 153
                                    

"​တောက်!"

မျက်စိ​ရှေ့ကိုလက်ခနဲလွင့်လာသည့်မဲ​ပြောင်​နေ​သော​လေး​ထောင့်သဏ္ဍာန်​လေးကိုမြင်လိုက်ကတည်းကကိုယ့်ဒုက္ခကိုယ်ရှာမိမှန်းသိလိုက်ရ​ပေမယ့်​ရှောင်လွှဲလို့မရနိုင်တဲ့အ​ခြေအ​နေမို့ထိုပစ္စည်း​လေးကိုသာအမိအရဖမ်းဆုပ်ရင်းထိုကိစ္စ​တွေရဲ့အဓိကတရားခံရဲ့မျက်နှာကိုမြင်​ယောင်ကာစိတ်ထဲမှအကြိမ်ကြိမ်​မေတ္တာပို့​နေမိ​တော့သည်။

"​ခွေး​ကောင်.. အခွင့်သာတုန်း​တော့လုပ်ထားဦး​ပေါ့"

"ခါးပိုက်နှိုက်ဗျို့! ခါးပိုက်နှိုက်! ကူဖမ်း​ပေးကြပါဦး"

"ဘယ်ဘက်ကို​ပြေးသွားလဲ"

"ဟိုးဘက်"

လှုပ်လှုပ်ရှားရှားဖြစ်လာသည့်လူအုပ်ကြီး​ကြောင့်​သူ့​ရဲ့ခြေလှမ်း​တွေကိုအရှိန်ထပ်တင်ကာလှစ်ခနဲ​နေ​အောင်​ပြေးခဲ့မိသည်။ ​

"ငါက.. လူ​ကောင်းတစ်​ယောက်​မဟုတ်​ပေမယ့်သူများပစ္စည်းအလစ်သုတ်တာမျိုး​တော့မလုပ်နိုင်ဘူး​နော်" လို့သူ​ပြောခဲ့တုန်းက...

"သိပါတယ်ကွာ။ အခုလည်းမင်းဘာမှလုပ်​စရာမလိုပါဘူး။ ဒီအတိုင်းခွင်ဖန်ပေးရုံပဲ။ ကျန်တာငါပဲအကုန်လုပ်မှာပါ"

ဆိုပြီးကတိ​တွေအထပ်ထပ်​ပေးခဲ့တဲ့ပတ်ဂျီမင်းဆိုတဲ့သ​ကောင့်သားကကားမှတ်တိုင်မှာသူများပိုက်ဆံအိတ်ကိုခါးပိုက်နှိုက်ပြီးပိုက်ဆံအိတ်ကိုသူ့ဆီကိုပစ်​ပေး၍ကိုယ်လွတ်ရုန်ပြေးသွား​လေရဲ့။ အခု​တော့ပြဿနာအားလုံးကသူ့​ခေါင်း​ပေါ်ကိုစုပြုံ​ရောက်လာခဲ့​ပြီ။ ​နောက်ကလိုက်လာတဲ့​ခြေလှမ်း​တွေကိုမျက်​ခြေပြတ်​အောင်​ပြေးရင်းသူ့မျက်စိထဲမှာလည်း​ဒေါသ​တွေ​မောဟ​တွေနဲ့ဖုံးလွှမ်း​နေတာ​ကြောင့်မျက်စိ​ရှေ့မှာဘာ​တွေရှိ​နေလဲဆိုတာကိုသတိမထားမိဘဲဇွတ်​ပြေး​နေရာမှလမ်းဆုံတစ်​နေရာကို​ရောက်​တော့...

"အ!"

"အ​မေ့!"

အရှိန်နဲ့ပစ်တိုက်လိုက်သဖြင့်​မျက်နှာချင်းဆိုင်မှလက်နှစ်ဖက်နှင့်အပြည့်အိတ်​တွေဆွဲကာ​လျှောက်လာတဲ့လူသား​လေး၏လက်ထဲမှပစ္စည်း​တွေက​ဆတ်ခနဲလွတ်ကျသွားကာမြေကြီး​ပေါ်သို့ပွစာကျဲကုန်၏။

My World, My EverythingWhere stories live. Discover now