Part-8(Unicode)

16.3K 1.5K 88
                                    

အချိန်သည်ကား ည7နာရီဖြစ်၏။ ကားလမ်းမထက်တစ်ရိတ်ရိတ်ပြေးနေသော မီးခိုးရောင်ကားကြီးရဲ့အနောက်ခန်းထဲမှာတော့ ခြေကိုချိတ်ခေါင်းကို‌နောက်လှန်မှီပြီး မျက်ဝန်း အစုံကိုမှိတ်ချကာ ထိုင်နေသောလူတစ်ယောက်နှင့် ထိုသူနဲ့မနီးမဝေးတွင်တော့ ကားရဲ့ တံခါးအပြင်ဘက်သို့ရောက်တော့မတက် တိုးကပ်နေကာ လက်နှစ်ဖက်ကိုယှက်ပီးထိုင်နေတဲ့ လူတစ်ယောက်ရှိနေလေ၏။ ထိုသူနှစ်ယောက်ကြား တိတ်ဆိတ်မှုသာကြီးစိုးနေပြီး လေထုအနေအထားဟာလည်းအတော်ကိုအေးစက်နေ‌လေသည်။

“ငါတို့သဘောတူညီမှုစာချုပ်အတွက် ဒီကဒ်ကိုယူသွားလိုက် Passwordက 999999”

တိတ်ဆိတ်မှုကိုစတင်ဖြိုကွဲ၍စကားဆိုလိုက်သူဟာ ဘေးဘီကိုမျက်လုံးတစ်ချက်ဖွင့်မကြည့်ဘဲ အနီးရှိလူထံသို့ Black cardတစ်ခုကိုကမ်းပေးလေသည်။

အိမ်ပြန်ရာလမ်း၌ ဒီနေ့ပွဲမှာဖြစ်ပျက်ခဲ့အကြောင်းအရာများကိုဒီမွန်ပြန်တွေးတောနေရင်း  Bossနဲ့ဘယ်လိုရှေ့ဆက်သွားရမလဲဆိုတာအသဲအသန်စဉ်းစားကာနေတုန်း မျက်လုံးရှေ့ရောက်လာတဲ့ အနက်ရောင်ကဒ်လေးတစ်ခု။

“ဟို ကျွန်တော်”

ကမ်းပေးနေတာမယူဘဲ အထစ်ထစ်အငေါ့ငေါ့စကားသံတစ်ချို့ကြောင့် ဇက်မျက်လုံးအသာဖွင့်ကြည့်လိုက်တော့ သူ့အားအူကြောင်ကြောင်လေးကြည့်နေတဲ့ ဒီမွန့်ကိုတွေ့လိုက်ရသည်။

“ဘာလို့လဲ မင်းအကြွေးတွေမဆပ်တော့ဘူးလား”

“အဲ့တာက ဟို...”

အကြွေးတွေဆပ်ဖို့ ဇက်ပြောတဲ့သဘောတူညီမှုကိုလက်ခံခဲ့ပေမယ့် Black cardလိုအရာမျိုးကြီးကိုလက်ခံလိုက်ဖို့အထိ ဒီမွန်မဝံ့ရဲပါ။

“ကျွန်တော်တို့သဘောတူညီမှုအရဆို ကျွန်တော့်အကြွေးက သိန်း၄၀လောက်ပါပဲ အဲ့အတွက်သိန်း၄၀အတိအကျပဲကျွန်တော်လိုချင်တယ်ဗျ Black cardတစ်ခုလုံးကျွန်တော့်အတွက်မလိုအပ်ပါဘူး”

သူထင်ထားခဲ့တာထက် ပိုရိုးသားလွန်းသောကောင်လေးကိုဇက်တစ်ချက်ပြန်ကြည့်မိသည်။

“ငါမင်းကိုပြောဖို့တစ်ခုကျန်ခဲ့တယ်ထင်တယ် ငါနဲ့‌ဟန်ဆောင်တွဲ‌နေတဲ့ခြောက်လအတွင်း မင်းအတွက်အသုံးအဆောင်ပစ္စည်းတွေအားလုံး ငါဝယ်ပေးမယ် ဒါကတွေလည်းအပိုမဆလာလုပ်ပေးနေတာမဟုတ်ဘူးနော် ပတ်ဝန်းကျင်ကအမြင်မှာ ငါ့ချစ်သူတစ်ယောက်အနေနဲ့ မင်းဒီလောက်တော့ခံစားခွင့်ရှိတယ်ထင်လို့”

My Love Is Demon(Complete)Where stories live. Discover now