Part-22(zawgyi)

1.4K 136 0
                                    

ကုမ္ပဏီရှေ့မှာလူတွေရုတ်စုရုတ်စုဖြစ်နေတာကြောင့် ရိုးရိပ်ကုမ္ပဏီထဲသို့မဝင်သေးဘဲ ထိုလူစုနားသို့ တိုးကပ်ကြည့်လိုက်တယ်ဆိုရင်ပဲ ထိုလူစုရဲ့အလယ်မှာ နှင်းဆီပန်းစီးကိုကိုင်ပြီး လက်မှာလည်း ‘မောင့်အချစ်‌ကိုလက်ခံပေးပါ ရိုး’ဟုသောဆိုင်းဘုတ်ကိုကိုင်လျှက်မတ်တပ်ရပ်နေတဲ့ ဧကကိုလှမ်းတွေ့လိုက်ရသည်။  ကြက်သွေးရောင်ရှပ်ကို စတိုင်ပင်အနက်နဲ့တွဲဖက်ဝတ်ဆင်ထားသောဧကက သူ့လက်ထဲရှိကိုင်ထားသောနှင်းဆီပန်းနီနီများနှင့်ပနံသင့်စွာလိုက်ဖက်နေသည်။

ဧကတစ်ယောက်ဆေးရုံဆင်းပြီးတည်းက ရိုးရိပ်နားသို့တရားဝင်ချဉ်းကပ်ခဲ့တာဖြစ်သည်။ရိုးရိပ်ထံသို့နေ့စဉ်‌နေ့တိုင်းနှင်းဆီပန်းစီးများကို မရိုးရ‌အောင်ပို့နေတတ်လွန်းလို့ ကုမ္ပဏီရှိလူများက ဧကကို21ရာစုကိုဗြတ္တဟူ၍နောက်ကွယ်တွင်ခေါ်ဆိုတတ်ကြသည်။သို့သော် ရိုးရိပ်ကတော့ဧကအားဖုတ်လေသည့်ငါးပိရှိတယ်လို့ကိုမသတ်မှတ်ခဲ့သည့်အပြင်ဧကပေးလာသည့်နှင်းဆီပန်းစီးများကိုရုံခန်းတွင်းအမှိုက်ဗုံးထဲသို့သာရက်ရက်စက်စက်အမြဲစွန့်ပစ်ခဲ့လေ၏။ဒါကိုလည်းဧကကလက်လျော့မသွားသည့်အပြင် ဒီနေ့ဆိုအပိုဆုအနေနဲ့ဆိုင်းဘုတ်တစ်ခုပင်ပါလာသေးသည်။

ရိုးရိပ်မှာမျက်နှာတစ်ခုလုံးထူပူစွာဖြင့်နေရာမှလှည့်ထွက်မည်အလုပ် ဧကကသူ့ထံသို့အပြေးလာပြီးသူ့ရှေ့တွင်ဒူးထောက်ထိုင်ချလိုက်သည်။

“ကိုဧကမင်းမောင် ခင်ဗျား အခုထစမ်းမရှက်ဘူးလား”

ရိုးရိပ်မျက်နှာတစ်ခုလုံးညိုရာမှနီသည့်အသွင်ကိုဆောင်လာကာ ဧကအားအံကြိတ်ဆိုလေသည်။

“ရိုး မောင့်အချစ်ကိုလက်ခံပေးမှထမယ်”

အို ဘယ်လိုအရှက်မရှိလူစားပါလိမ့် သူ့ကိုယ်သူလည်းမောင်တဲ့လား။

အရှေ့တွင်အရှက်မရှိပေကပ်ဒူးထောက်နေသောလူသားကိုရိုးရိပ်ကုတ်ဖဲ့ချင်လာမိသည်။လူတွေလည်းတစ်ဆတစ်ဆဝိုင်အုံကြည့်လာတာကြောင့်ရိုးရိပ်မှာရှက်လွန်းလို့မျက်နှာဆီးရွက်လောက်သာကျန်တော့၏။

My Love Is Demon(Complete)Where stories live. Discover now