အလင်းစက်ဝိုင်းကမ္ဘာ ....။
လူတွေ သေလွန်ပြီးတဲ့အခါ ဖြတ်ကူးရသော
နိုင့်ဟယ်တံတားတည်ရှိရာ မေ့ပျောက်ခြင်းမြစ်ရဲ့
တစ်နေရာက ကျွန်းစုလေးတစ်ခု ...။နိုင့်ဟယ်တံတားရဲ့အခွဲ တံတားငယ်လေးတစ်ခု။
မေ့မြောနေတဲ့သူတွေနဲ့ ရုတ်တရက်သေဆုံးခဲ့သူတွေ
အခန့်မသင့်ရောက်ရှိလာနိုင်သော
တမလွန်နဲ့ ရှင်သန်ခြင်းကြားက ဘုံကမ္ဘာ...။ကျားဖြူနဲ့ အပြာရောင်နဂါးဝန်းရံပြီး
သန့်စင်သောဝိဉာဉ်အစောင့်အရှောက် စောင့်ကြပ်သည့်
သက်ရှိလူသားကမ္ဘာနဲ့ အနီးစပ်ဆုံး နေရာ ....။စပိုက်ဒါလီလီပန်းတွေ နီရဲနေအောင် ပွင့်သော
ထိုအလင်းစက်ဝိုင်းကမ္ဘာ။ကမ်းစပ်နဲ့ မနီးမဝေးမှာရှိတဲ့ မြစ်ပြင်ကျယ်ထဲက
အိမ်ငယ်လေးရယ်၊ပန်းနီနီတွေ အများကြီးပွင့်တဲ့ တံတားတစ်စင်းရယ်၊
ကျွန်းငယ်လေးပေါ်က အလင်းစက်ဝိုင်းကြီး တစ်ခုရယ်...။
_____________________
ကားတာယာဘီးကို မြင်လိုက်ရပြီးနောက်မှာ
မျက်လုံးတွေ ပြန်ဖွင့်ကြည့်လိုက်တော့
တံတားနီတစ်ခုပေါ်မှာ လမ်းလျှောက်လျက်သား။ဒါဘယ်နေရာလဲ မသိ။
ပတ်ပတ်လည်မှာ မြူတွေ ဆိုင်းနေပြီး
ရေစီးသံတွေ ကြားနေရပုံထောက်ရင်တော့
ဒါဟာ မြစ်ကူးတံတားတစ်ခုခုပဲ ဖြစ်မှာ ....။အလင်းရောင်ဟာ ပတ်ဝန်းကျင်ကို မြင်နိုင်ရုံ
မှိန်ဖျော့ဖျော့သာရှိနေပြီး မြူတွေဆိုင်းနေတာမို့
ပတ်ဝန်းကျင်သည် မှိုင်းမှိုင်းထိုင်းထိုင်းကြီး ...။လမ်းဆက်လျှောက်သွားပြီး ခဏကြာတော့
လက်ရှိတံတားကနေ ဘယ်ဘက်သို့ ခွဲထွက်သွားသော
တံတားဖြူလေးတစ်စင်း ပေါ်လာသည်...။ရွေးချယ်စရာက နှစ်ခုရှိလာပြီ၊
ရှေ့ဆက်သွားမလား ? ဘယ်ကို ချိုးမလား ?ဝေခွဲမရ ဖြစ်နေစဉ်မှာပဲ ဘယ်ဘက်ခြမ်းက
တံတားပေါ်မှာ ထွက်ပေါ်လာခဲ့သော
အပြာရောင်အလင်းတန်းတစ်ခု၊
YOU ARE READING
Tale of the heart (YM)
Fanfictionဘဝဆက်တိုင်း ချည်နှောင်ထားလိုခဲ့တဲ့ သစ္စာကြိုးနီတွေဟာ ဘယ်လိုဆုံတွေ့ခဲ့သလဲ ~ (Unicode/ Zawgyi)