~12~

1K 112 1
                                    


ရိပေါ်နဲ့ရှောင်းကျန့်တို့ရဲ့ဆက်ဆံရေးက ထိုနေ့ပြီးတည်းကပိုမိုရင်းနှီးလာခဲ့တယ်။ သူတို့နှစ်ယောက်ဆုံရင်ဘယ်သူမှကြားဝင်၍မရလောက်အောင်ထိစကားများကြတယ်။

ရှောင်းကျန့်နဲ့တွေ့ရင် ရိပေါ်ရဲ့အေးစက်စက်အမူအယာတွေကပျောက်ရှကုန်တယ်။ ရှောင်းကျန့်ကတစ်ခါတစ်လေ ရိပေါ်ရဲ့အကြောင်းမရှိအကြောင်းရှာခေါ်တတ်မှုကြောင့် ရိပေါ်ရဲ့အလုပ်ကိုရောက်ရောက်သွားတတ်တယ်။ Wang Groupမှဝန်ထမ်းတွေအားလုံးနီးပါးနဲ့တောင်ရှောင်းကျန့်ကရင်းနှီးနေပြီ။ သူတို့ကရှောင်းကျန့်ကိုသိကြတယ်။

တစ်လောကလည်းရှီကွမ်းနယ်ကပြန်ရောက်ပြီးနောက်တစ်နေ့မှာ ဓာတ်ပုံလိုက်ပို့ပြီးပြန်လာတော့ ငိုလာတာကြောင့် ဘာဖြစ်တာလဲအတင်းမေးတော့ သူ့ကိုဟိုအားကျူဆိုတဲ့တစ်ယောက်ကသူ့နာမည်မမှတ်မိကောင်းလားဆိုပြီးလူကြားထဲဖက်နမ်းလို့တဲ့

ရှောင်းကျန့်အဲ့ကိစ္စရိပေါ်ကိုပြန်တိုင်တော့ငနဲသားကဘာမှမပြောဘဲပြုံးစိစိလုပ်နေသေးတယ်။

ညီအစ်ကိုနှစ်ယောက်ကလက်ရဲဇက်ရဲတအားနိုင်မှန်းရှောင်းကျန့်တဖြည်းဖြည်းသိလာရတယ်။

အိပ်ယာပေါ်မှာတောင်တွေးမြောက်တွေးနဲ့ Goodnightပို့မယ့်တစ်စုံတစ်ယောက်ကိုလည်းစောင့်ရင်းပေါ့

အိပ်ယာဝင်ခါနီးဖုန်းဝင်လာတာမို့ ခါတိုင်းလိုရိပေါ်ပဲလို့ထင်လိုက်ပေမယ့် အိမ်ကဖုန်းဖြစ်နေတော့ရှောင်းကျန့်ကိုင်ဖို့တွန့်ဆုတ်သွားရတယ်။ ဒါပေမယ့်လည်းရှောင်းကျန့်ကိုင်လိုက်ပါတယ်။

"ဝေ.."

"အစ်ကိုလေး..."

"ရှောင်လီလား"

"ဟုတ်  အစ်ကိုလေး..
သူဌေးကဒီတစ်ပတ်Sundayကျရင် အိမ်ကိုပြန်လာခဲ့ပါအုံးတဲ့"

ရှောင်လီဆိုတာက ရှောင်းကျန့်ငယ်ငယ်တည်းကရှောင်းအိမ်မှာအလုပ်လုပ်လာသော ရှောင်းကျန့်နဲ့ရွယ်တူတစ်ယောက်ဖြစ်သည်။သူကအိမ်မှာရှိတဲ့တစ်ဦးတည်းသောရှောင်းကျန့်ရဲ့ဘက်တော်သား။

ရှောင်းကျန့်သက်ပြင်းလေးလေးချလိုက်တယ်။ သူငြင်းမလို့ပြင်နေစဉ်မှာပဲ တစ်ဖက်မှရှောင်လီက

𝚅𝚊𝚕𝚎𝚗𝚝𝚒𝚗𝚎'𝚜 𝙳𝚊𝚢 ချစ်သူအဖြစ်အငှားလိုက်ပါမည်...။ [HIATUS]Donde viven las historias. Descúbrelo ahora