23

18.4K 1.2K 1
                                    

လျှံ နိုးလာ​တော့ တစ်​ကိုယ်​လုံး​ညောင်းကိုက်​​နေပြီး လူက နုံးချိ​နေ​လေ၏။ မ​နေ့က တ​နေကုန်​ အငြိမ်​မ​နေ *ပါ​လေရာ ပဲခူးဆား*လုပ်​ခဲ့သမျှ ပင်​ပန်းကာ ဖျားချင်​သလိုလို။ မျက်​လုံးမဖွင့်​နိုင်​​သေးဘဲ ​မောင့်​ရှိမယ့်​ဘက်​ လိမ့်​လိုက်​​ပေမယ့်​ ​အေးစက်​​နေတဲ့ ​မွေ့ယာသာရှိသည်​။

"​မောင်​"

"​မောင်​​ရေ လျှံနိုးပြီ"

"​မောင်​"

"နိုးရင်​ ထ​လေ လျှံရဲ့ ​မောင်​အလုပ်​အ​ရေးကြီးလို့
ရုံးခဏသွားမယ်​​နော်​ ကိုယ်​ဘာကိုယ်​ မျက်​နှာ
သစ်​ပြီး မုန့်​ဆင်းစား​နော်​"

"လျှံ ဖျား​တော့မှာလား မသိဘူး ​မောင်​"

"ကိုယ်​​တော့မပူပါဘူး ဦးစိုင်းကို ​မောင်​​သေချာမှာခဲ့
မယ်​​နော်​"

"​မောင်​ ဒီ​နေ့မသွားလို့မရဘူးလား​မောင်​သွားရင်
လျှံအပြင်​သွားမှာ အိဖြိုးတို့ဆီသွားမှာ​နော်​"

"မရလို့​ပေါ့ လျှံရဲ့ လုံးဝအ​ရေးကြီးလို့ကွာ ​နော်​baby အိမ်​မှာပဲနားသင့်​တယ်​ ပင်​ပန်းထား
တာကို ​နော်​"

လျှံနဖူးကို အနမ်းတချက်​​ပေးကာ ဆွဲထူ​ပေး​ပြီး...

"မွ ​မောင်​သွားပြီ​နော်​ "

ကား​ပေါ်တက်​ပြီးကာမှ မှန်​ချလိုက်​တဲ့ သခင်​​လေး
ကြောင့်​G3ကကားနား ​ခေါင်းငုံကာနား​ထောင်
လိုက်​သည်​။

"လျှံ အပြင်​သွားရင်​ ငါ့ဆီသတင်းပို့"

"ဟုတ်​"

ပြောရရင်​ အိဖြိုး အိဖြိုးနဲ့ပါးစပ်​က မချတဲ့ လျှံကို ကိုင်​ကိုင်​​ဆောင့်​ပစ်​လိုက်​ချင်​သည်​။..။ကိုယ့်​ကျ သဝန်​တိုတာနှစ်​​ယောက်​မရှိဘူး။ဒီက​ကောင်​က သဝန်​မတိုတတ်​ဘူးဆို​တော့။

လုပ်​ငန်း partner တစ်​​ယောက်​ L.Aက​နေလာမှာမို့ မျက်​နှာသွားပြဖို့ထွက်​လာရ​ပေ​မယ့်​ လျှံ​ပြောတဲ့စကား​တွေကနားထဲကမထွက်​။ ​တွေ့စရာ အဲ့ဒီ အိဖြိုးတစ်​​ယောက်​ထဲရှိတာလား။

" baby shark do do do do do"

"Hello လျှံ"

"​မောင်​လျှံ တကယ်​သွားမှာ​နော်​ ပြီးမှလာမ​ပြောနဲ့"

ချစ်​စံအိမ်​Where stories live. Discover now