39

13.4K 856 1
                                    

မောင်​သွားတာ ၇ရက်ေ​တာင်​​ကျော်​သွားတဲ့​နောက်​မှာ လျှံ လုံးဝအရယ်​အပြုံးမရှိ​တေါ့​ပေ။ စားစရာရှိတာ တိတ်​တိတ်​ဆိတ်​ဆိတ်​စားပြီးတ​နေကုန်​တစ်​ညလုံး ဇတ်​ကား​တွေသာထိုင်​ကြည့်​ရင်း ​နေ့​တွေည​တွေဆက်​​နေ​လေပြီ။

အလုပ်​ကိစ္စနဲ့သွားတာကို ပုံမှန်​လိုဂျစ်​တိုက်​စိတ်​ဆိုးလို့လဲမရ။တစ်​ခါတစ်​ရံ ဖုန်း​ခေါ်တဲ့​မောင့်​ဖုန်းလဲမကိုင်​ချင်​​တော့။နံရံ​ပေါ်က ​ဓာတ်​ပုံကိုတသသကြည့်​ရင်း လွမ်းဆွတ်​လှပါသည်​။

မောင်​​ပေးတဲ့အယုအယ​တွေ ​မောင်​​ပေးတဲ့အကြင်​နာ​တွေမရှိပဲတစ်​​ယောက်​တည်းအိပ်​ရတဲ့ရက်​​တွေများလာ​တော့ ဟာလာဟင်းလင်းပြင်​ဖြစ်​​နေတဲ့ရင်​ဘတ်​တစ်​ခုလုံးက နာကျင်​တာ​တောင်​မသိနိုင်​​လောက်​​အောင်​ ထုံ​နေ​လေ၏။

တင်းတင်းကျပ်​ကျပ်​ဖက်​ကာ အနမ်းကြမ်းကြမ်း​တွေ လိုချင်​မိလာသည်​။နှလုံးသားတင်​မက ခန္ဓာကိုယ်​ကပါ ​မောင့်​ကိုလိုအပ်​​နေ​လေပြီ။

မောင်​​ပေးခဲ့ဖူးတဲ့ စိုစွတ်​တဲ့အနမ်း​တွေ။

တစ်​ကြိမ်​တစ်​ခါ​တောင်​ ​တွေးမကြည့်​မိခဲ့ဖူးတဲ့ အလုပ်​ကို ခုလုပ်​မိ​နေတာ။ နှလုံးသားကနာ​နေတာထက်​ နာကျင်​မှုမျိုးကို ​တောင့်​တ​နေ​မိပြီ။ ​​မောင့်​ကိုယ်​သင်းနံ့ကျန်​​နေ​သေးတဲ့ ​ခေါင်းအုံး​လေးကို တရှိုက်​မက်​မက်​နမ်း​နေမိပြီး...

".....အာ....."

မောင့်​သွားကိုက်​ရာ​လေး​တွေများကျန်​​နေမလားလို့ လည်​တိုင်​​လေး​တွေ ပခုံး​လေး​တွေကို လက်​နဲ့စမ်းရှာ​နေ​သော်​လည်း အချည်းနှီးသာ။

*​​မောင်က​လေ babyတစ်​ကိုယ်​လုံးရဲ​နေ​အောင်
ကိုက်​ပစ်​ချင်​တာ ဖြူဝင်း​နေတဲ့ လည်​တိုင်​​လေးမှာ
မောင့်​ကိုက်​ရာ​လေး​တွေ မြင်​​နေရရင်​ အရမ်းရင်​ခုန်
တယ်​*

"......"

ကိုယ့်​ခန္ဓာကိုယ်​က​တောင်​ ​မောင်​မရှိရင်​မဖြစ်​ဖူးဆိုတာ သက်​​သေပြ​နေပြီ။မပြီးဆုံးနိုင်​ပဲ နာကျင်​​နေတာကြီး​ကြောင့်​ ဝမ်းနည်းစိတ်​က ရင်​ဘတ်​နဲ့မဆံ့​တော့​ပေ။

ချစ်​စံအိမ်​Where stories live. Discover now