🍁2🍁

12.3K 536 1
                                    

2

Unicode
.

လေးလံနေသောမျက်ဝန်းစုံကိုအတင်းကြိုးစားကာဖွင့်နေမိသော်လည်း လူကတော့နိုးတစ်ချက်အိပ်တစ်ချက်။

ဘယ်လိုမျှလှုပ်မရအောင် တစ်ကိုယ်လုံးဟာကြီးမားပြီးအားကြီးသည့်အရာတစ်ခု၏ချုပ်နှောင်ခြင်းကိုခံနေရ၏။
ရေဘဝဲကြီးမှသေးသေးပိစိလူသားကိုချုပ်နှောင်ထားသလိုဖြစ်နေပြီး အသက်ရှူဖို့တောင်ခဲယဥ်းနေလေသည်။

ခကြွေ အားကုန်သုံးကာရုန်းလိုက်မိတော့
နောက်ကပွေ့ဖက်ထားမှုကပိုတင်းလာနေ၏။

"ပြန်အိပ်ချေ ကိုယ်မထသေးဘဲမင်းလည်းထပိုင်ခွင့်မရှိဘူး''

လူကအလိုလိုငြိမ်ကျသွားတော့သည်။
ဘယ်လိုတောင်ဆီလျော်မှုမရှိတဲ့အမိန့်လဲ။
မျက်ဝန်းအိမ်ထဲမျက်ရည်တွေအလိုလိုဝဲတက်လာလေပြီ။

ခ​ကြွေ သဘောပေါက်လိုက်တာတစ်ခုဟာ
ဒီလူ ခ​​ကြွေကိုချစ်ခင်စုံမက်လို့အတင်းရယူခြင်းမဟုတ်ဘဲ သူ့အပျော်သက်သက်အတွက်အတင်းရယူခြင်းပဲ။

အင်းပေါ့ မယားတောင်ရှိတဲ့လူက သူ့လိုအညတရတစ်ကောင်ကြွက်လေးကိုမချစ်တာဆန်းသည့်ဖြစ်ရပ်မဟုတ်။

ခကြွေ အသံတိတ်စွာပဲငိုမိတော့သည်။
သူ့လိုနေချင်သလိုနေပြီးဆိုးသွမ်းသည့်
လူ​က ယခုလိုယောက်ျားတစ်ယောက်၏
အတင်းရယူခြင်းခံလိုက်ရသည့်အခါ
အလိုလိုပဲပျော့ညံ့လာသည်။ သိမ်ငယ်လာသည်။

ကိုယ့်ရဲ့သိက္ခာတွေမာနတွေကို ရက်ရက်စက်စက် နင်းချေပစ်သည့်သူ့ကို
ကိုယ်ဒီတစ်သက်ကြေနိုင်တော့မည်မထင်။

တစ်ဖန်ပြန်အိပ်စက်မှုအပြီး ပြန်လည်နိုးထလာချိန်မှာတော့ အခန်းထဲနေရောင်တွေတောင်ရောက်လာနေပြီ။ ဘေးသီကိုမသိမသာခိုးကြည့်ရင်း ထိုလူ၏
အရိပ်အယောင်ကိုမတွေ့ရတော့မှ ခကြွေ
သက်ပြင်းချနိုင်တော့သည်။

​ကိုယ်ပေါ်ကစောင်ကိုဆွဲခွာပြီးထလိုက်ချိန်
အနည်းငယ်သောနာကျင်မှုကိုချက်ချင်းပဲရလိုက်၏။ ညာဘက်လက်မဖိုးပေါ်တွင်အနီစက်တစ်စက်ရှိနေပြီး ထိုအနီစက်က
အပ်ရာဖြစ်နေသည်။

May(Complete)Where stories live. Discover now