🍁10🍁

8.5K 367 2
                                    

10

Unicode

တစ်ပတ်တိတိ မခေါ်မပြောနဲ့စိတ်ဆိုးနိုင်သူလေး။

ရေချိုးအဝတ်လဲတာတို့ ထမင်းစားပြီးကျောင်းသွားတာတို့တော့ ပုံမှန်လုပ်သော်လည်း မျက်နှာလေးနှင့်ကိုယ်နေဟန်ပန်ကတော့ အရုပ်ကလေးနဲ့မခြားပါ။

ကိုယ်အလုပ်သွားရင်လိုက်ပို့ပြီး ပြန်လာရင်လည်းဆီးကြိုသည်။ သို့ပေမယ့် သူစိတ်ပါလို့လုပ်နေတာမဟုတ်ဘဲ ကိုယ်က
တာဝန်တစ်ခုအနေနဲ့ပေးထားတာကြောင့်
သူလေးက တာဝန်ကျေရုံလေးသာဖြစ်သည်။

ခေါင်းညိတ်ခေါင်းခါသာလုပ်ပြီး အရယ်အပြုံးကိုမရှိ။

ရင်ခွင်ထဲဆွဲထည့်လို့အနမ်းကလေးတွေပေးရင်လည်း မျက်လွှာချပြီးအသာငြိမ်သက်သည်။

တင်းတင်းစေ့ထားသောနှုတ်ခမ်းနှစ်လွှာကိုမွတ်သိပ်နေအောင်နမ်းရှိုက်လျှင်လည်း
အရင်လို ရုန်းကန်တာတို့မလုပ်။

သို့​ကြောင့် ဟိန်းမြတ် ရင်မောရသလို အသည်းလည်းယားရပါသည်။

"ဒေါ်ယွန်းစံနီ ရောက်ပါပြီ Boss''

"အင်း အပေါ်လိုက်ပို့ပေးဖို့ မိပိုးကိုပြောလိုက်''

"ဟုတ်ကဲ့ Boss''

သူလေး၏ကျောင်းပိတ်ရက်မို့ သူလေးထံလာလည်ချင်ကြောင်းဆိုလာသော
ဒေါ်ယွန်းစံနီ ကို ဇက်နဲ့သူ့လူတချို့က သွားကြိုလာခြင်းဖြစ်သည်။

ဟိန်းမြတ်ကိုယ်တိုင်က အိပ်ခန်းထဲရှိနေတုန်းဖြစ်ပြီး ကျောပေးကာစာကြည့်နေသော အပြစ်ရှာတတ်သူလေးကို ရင်
တမောမောနဲ့ကြည့်နေမိသည်။

စိတ်ဆိုးပြေအောင် ကိုယ်ဘာမှမလုပ်တတ်။ လုံခြုံရေး တွေပြန်ရုတ်ပေးလိုက်ရင် သူလေးစိတ်ဆိုးပြေမလားတွေးမိသော်လည်း ဟိန်းမြတ်မလုပ်နိုင်ခဲ့။

အခုတလော ဟိုဘက်ကဆိတ်နေသည်။
သို့ကြောင့်လည်း ဟိန်းမြတ်အထူးသတိရှိရှိနဲ့ ငယ့်လုံခြုံရေးကို ကြီးကြပ်နေခြင်းဖြစ်သည်။

လွတ်လပ်ချင်သည့်သူလေးကတော့
ကိုယ့်လုပ်သမျှကို အပြစ်လို့သာမြင်နေသည်။

May(Complete)Donde viven las historias. Descúbrelo ahora