( Crush On You) One Short
Winter ဆိုသည့်အမည်လေးဖြင့် ကော်ဖီဆိုင်လေးအတွင်းတွင်မူ ခေါင်းဆွတ်လက်ရှည် အဖြူရောင်ဆွယ်တာလေးအား စတိုင်ပန်ဘောင်းဘီအဖြူလေးဖြင့်တွဲဖတ်ကာဝတ်ဆင်ထားသည့်သူ...
ထိုအဖြူရောင်လူသားငယ်လေးသည်အပြင်မှ ဆိုင်၏မှန်တံခါးပေါ်သို့ရိုက်ခတ်လာသည့် မိုးရေစက်လေးများကိုငေးကြည့်ရင်း၊တစ်စုံတစ်ယောက်၏အကြောင်းကိုတွေးနေသည်ပင်။
ကိုယ်တို့မတွေ့ဖြစ်တာအတော်ကြာနေပြီပဲ ကိုယ်နဲ့ထပ်ဆုံးဖြစ်မယ်မလားယောင်း။
ယောင်း၏အပြုံး၊ယောင်း၏ရီသံလေးတွေက ကိုယ့်ရဲ့ ရင်ဘတ်ထဲရှိစည်းချက်ညီစွာ ခုန်နေသည့်နှလုံးသားလေးအား ဟန်ချက်ပျက်စေသည်။
အခုတော့ယောင်းနဲ့ပတ်သတ်သည့်အရာအားလုံးကိုယ့်ရဲ့ နှလုံးသားလေးထဲတွင်သာကျန်နေခဲ့သည်ပင်။" လွမ်းလိုက်တာယောင်းလေးရယ်... အခုအချိန်သာယောင်းနဲ့တွေ့ဖြစ်ခဲ့ရင် ကိုယ်အကြာကြီးဖက်ထားမိမှာ..."
" ငါကမင်း ဖက်တာမှမကြိုက်ပဲ... "
" ယောင်း...ယောင်းအသံပဲ၊ကိုယ်ပဲနားကြားမှားနေတာလား "
" အရူးကောင်... "
ဟမ်...တကယ့်ကိုယောင်းရဲ့အသံပဲ ဆိုင်အတွင်းသို့မျက်လုံးဖြင့်တစ်ချက်ဝေ့ကြည့်မိတော့...
ယောင်း၏အရိပ်အယောင်ပင်မတွေ့ရချေ။" ဟုတ်တယ်... ငါရူးနေပြီ အသံတွေကြားနေရတာကိုကရူးနေလို့ပေါ့ "
" မင်းကငတုံးလို့ပြောလည်းငါကလွန်တယ်ဖြစ်အုံးမယ်... "
ဆိုင်အတွင်းရှိဆိုဖာခုံများသည် တစ်ဝိုင်းနှင့်တစ်ဝိုင်းကျောချင်းကပ်ထားသည်။ထို့ကြောင့် ထိုအဖြူရောင်လူသားလေးသည် ယောင်းဆိုသည့်
လူသားငယ်လေးအားမတွေ့ရခြင်းပေ။မင်းတော်တော်တုံးတာပဲ ဂျောင်ဂု...
ကျွန်တော်မျိုး ကင်မ်ထယ်ယောင်း ကိုယ်တိုင်ပဲသူ့အရှေ့သွားထိုင်ရတော့မယ်။ မဟုတ်ရင် ယောင်း၊ ယောင်းနဲ့ ပြီးတော့မှာမဟုတ်ဘူး...သောက်လက်စ စတော်ဘယ်ရီ မစ်ရှိတ်ခွက်လေးအား သူ့ရှေ့စားပွဲတွင်ချထားကာသူ၏ကျောချင်းကပ်တွင်ထိုင်နေသည့် ဂျောင်ဂုရှိရာဝိုင်းသို့ ဦးတည်ရန်ပြင်လိုက်သည်။
ဆွယ်တာအကျီ အစိမ်းရောင်အဖျော့လေးနှင့် စတိုင်ဘောင်းဘီ အညိုရောင် အပွကိုတွဲဖက်ဝတ်ဆင်ထားသည့် အပြင် အပေါ်မှ လောင်းကုတ်အရှည်အသားရောင် ထပ်ကာဝတ်ထားသည်ပင်။