Unicodeရှေးဆန်ဆန်ခမ်းနားထည်ဝါစွာတည်ဆောက်ထားသောစံအိမ်တစ်ခု၏အခန်းတစ်ခုအတွင်းတွင် အသက်40အရွယ်အမျိုးသားကြီးတစ်ဦးအလုပ်လုပ်နေသည် ထိုစဉ်
ဒေါက် ဒေါက်
"အပြင်ကဘယ်သူလဲ"
သူအလုပ်လုပ်ရင်းလှမ်းပြောလိုက်သည်
"ကိုကိုကြီးရဲ့ ညီမလွန်းနွယ်ပါရှင်"
"လွန်းနွယ်ရယ် ကိုကိုကြီးကဘယ်သူများလည်းလို့ လှမ်းပြီးတော့မေးနေတာ ဒီတိုင်း၀င်ခဲ့လည်းရတာပဲကို ဘာလို့တံခါးတွေဘာတွေခေါက်နေရတာလဲ"
"ကိုကိုကြီးကလည်း မာမီတို့မဆုံးခင်ကပြောသွားတယ်လေ ဘယ်နေရာမှာပဲဖြစ်ဖြစ်စည်းကမ်းရှီပါတဲ့ အဲ့ဒါကို ကိုကိုကြီးမေ့နေတာတော့မဟုတ်ပါဘူးနော်"
"ကိုကိုကြီးကမမေ့ပါဘူး လွန်းနွယ်ကရဲ့ လွန်းနွယ်နဲ့ကိုကိုကြီးကမောင်နှမတွေလေ အဲ့တော့ အဲ့လို့မျိုးစည်းကမ်းတွေအမြဲလုပ်နေဖို့ မလိုဘူးလို့ပြောတာပါ"
"ဟုတ်ပါပြီရှင့်"
"ဒါနဲ့လွန်းနွယ် ကိုကိုကြီးစီလာတာဘာပြောမို့လဲ"
သူလွန်းနွယ်မျက်နှာအားကြည့်ကာပြောလိုက်သည်
"အာ ကိုကိုကြီးကတော့ အမြဲအလုပ်တွေလုပ်ပြီး မေ့နေပြန်ပြီ"
"ကိုကိုကြီး ဘာကိုမေ့မိလို့လဲ လွန်းနွယ်ရဲ့"
"ဒီနေ့ဘယ်သူပြန်လာမဲ့ရက်လဲ"
သူမကိုကိုကြီးအားပြန်လှည်ပြီး မေးခွန်းထုတ်လိုက်သည်
"ဒီနေ့လား အာ ဟုတ်သားပဲ ဒီနေ့ ဆောင်းရိပ်ပြန်လာမဲ့ရက်ပဲ"
"ကိုကိုကြီးတို့ကနော် ကိုယ်တူမလေးတစ်ယောက်လုံးပြန်လာမဲ့ရက်ကိုတောင်မေ့နေတယ်"
လွန်းရိပ် စိတ်ဆိုးသလိုမျိုးပြောလိုက်သည်
"ကိုကိုကြီးက အသက်ကြီးလာတယ်ဆိုတော့ မှတ်ညဏ်တွေကမကောင်းတော့လို့ပါ ကယ် ဆောင်းရိပ်ကို သွားကြိုမှာ ကိုကိုကြီးလိုက်ပို့ပေးရအုံးမှလား"
"ရတယ် လွန်းနွယ် အိမ်ကဦးမြင့်ကိုပဲမောင်းပို့ခိုင်းလိုက်တော့မယ်"
YOU ARE READING
တီငယ်(or)မောင့်လွန်းနွယ်