တီငယ်(အပိုင်း၂)

3.4K 143 9
                                    

Unicode

ဆောင်းရိပ်တို့ကားနားရောက်တော့ ဆောင်းရိပ်တီငယ်ထက်အရင်ကားတံခါးနားကပ်ကာ တီငယ်၀င်ဖို့အတွက် ကားတံခါးကိုဆွဲဖွင့်ပေးလိုက်တော့

" ဒို့ရဲ့တူမလေးက အလိုက်တွေသိနေလိုက်တာ တီငယ်ထိုင်ဖို့ တံခါးတွေဘာတွေတောင် ဖွင့်ပေးလို့ပါလား"

လွန်းနွယ်လည်း ထိုသို့ပြောကာ ကားထဲသို့၀င်ထိုင်လိုက်သည်

တီငယ်ထိုင်ပြီးသည်နှင့် ဆောင်းရိပ်လည်းကားအထဲသို့၀င်ထိုင်လိုက်သည် ထိုနောက် ကားစထွက်သည့်အချိန် ဆောင်းရိပ်လည်း တီငယ်ဘက်မျက်နှာလှည့်ကာ တီငယ်မျက်နှာလေးအား တစ်စိမ့်စိမ့်ကြည့်နေမိသည်

"ဆောင်းရိပ် တီငယ်မျက်နှာမှာ ဘာတွေပေလို့လဲဟင်"

သူမမျက်နှာကို စိုက်ကြည့်နေသည်ကို ခံစားမိတာကြောင့် လွန်းနွယ်လည်း‌ ဆောင်းရိပ်ဘက်မျက်နှာလှည့်ကာ သူမ၏ပါးပေါ်သို့ လက်ချောင်းလေးတွေတင်ရင်း မေးလိုက်ပါတယ်

"ဟုတ်တယ် တီငယ်မျက်နှာမှာ ပေနေတယ်"

"ဟင် ဟုတ်လား အဲ့ဒါဆို အခုရော် ပြောင်သွားပြီလား"

သူမမမြင်ရပင်မဲ့ သူမလက်ဖြင့်ပြောင်သွားမလားလို့ ပွတ်သပ်လိုက်သည်

"ဟင့်အင်း မပြောင်သေးဘူး ဆောင်းရိပ် ပြောင်အောင်လုပ်ပေးမယ်" ဟုဆိုကာ တီငယ်ရဲ့ပါးပြင်နုနုလေးပေါ်သို့ ဆောင်းရိပ်ရဲ့ လက်လေးကိုတင်ကာ အနည်းငယ်ပွတ်သပ်ပေးလိုက်သည်

အမှန်ကတီငယ်ပါးပေါ်တွင် မည်သည်အရာမှမပေနေပါဘူး သူမကသာတီငယ်ရဲ့ ပါးပြင်လေးကိုထိချင်လာတာကြောင့် ဂွင်ဆင်လိုက်တာဖြစ်တယ်

"ဆောင်းရိပ် တီငယ်ပါးမှာပေနေတဲ့ဟာက ‌အခုထိမပြောင်သေးတာလား"

သူမစိတ်ထဲတစ်မျိုးခံစားလာရတောင်ကြောင့်မေးလိုက်သည်

"မဟုတ်တာပြောင်သွားပါပြီ တီငယ်ရဲ့ ဆောင်းရိပ်က ပိုသေချာအောင် သုတ်ပေးနေလို့ပါ"

"ဟုတ်ပါပြီ"

ထိုနောက် ဆောင်းရိပ်တို့ ဘာမှဆက်မပြောကြတော့ပဲ နှစ်ယောက်သားငြိမ်သက်စွာကားတံခါးပေါက်အပြင်ဘက်ရှီ ရှု့ခင်းတွေကိုသာကြည့်နေလိုက်သည်

တီငယ်(or)မောင့်လွန်းနွယ်Where stories live. Discover now