postcard တွေ ပန်းစည်းတွေနဲ့ ချောကလက်တွေ ကို locker ဖွင့်တိုင်းရှင်းနေရတဲ့ အဖြစ်ကို တစ်နေ့တစ်ခြား ပိုပိုမုန်းလာမိသည်။
အသင့်ယူလာနေကျအိတ်တစ်လုံးအားဖွင့်ကာ locker ထဲမှ အမှိုက်မဟုတ်သောအမှိုက်များကို စုထည့်လိုက်သည်။ သေချာသည်က ညနေကျောင်းဆင်းချိန်ရောက်မှ ကစားကွင်းထဲကစားနေသည့်ကလေးများကို ပေးရမည့်ဆိုသောအတွေးပင်။
ထိုအထုတ်အား ဘေးချထားလိုက်ပြီး အတန်းချိန်ဝင်ရတော့မည်ဖြစ်၍ ဆော့ဂျင် စာအုပ်တို့ကိုပိုက်ကာ ထွက်လာခဲ့သည်။
အပေါင်းအသင်းရယ်လို့ များများမရှိသော ဆော့ဂျင်တွင် မင်ယွန်းဂီဆိုသော သူငယ်ချင်းနှင့် သူငယ်ချင်းမလေး ချွဲချယ်ယွန်းသာရှိသည်။စကားနည်းသော သူတို့သုံးယောက်သည် အချင်းချင်းပင် လိုတာထက်ပိုပြီး စကားသိပ်မပြောဖြစ်ကြ။ သို့သော် စကားပြောဖြစ်ကြလျှင်လည်း မရပ်တော့ပေ။
အတန်းချိန်တစ်ချိန်ပြီးချိန်တွင် ဆော့ဂျင် ပြတင်းပေါက်မှ မြင်ရသော ကျောင်းကပါကင်ဘက်သို့ ငေးကြည့်နေမိသည်။
ခေတ်ဟောင်းလိပ်ခုံးကားပေါ်မှ ဆင်းလာသောအမျိုးသားတစ်ဦးသည် ဆော့ဂျင်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ဖိုင်တစ်ချို့ကို ဆွဲကိုင်ကာ ကျကျနန ဝတ်ဆင်ထားသော ထိုအမျိုးသားသည် အသက်အရွယ်အားဖြင့် သိပ်ကြီးပုံမပေါ်သေး။
အမြင်အာရုံမှပျောက်ကွယ်သွားသည်အထိ ထိုအမျိုးသားအား ငေးကြည့်ပြီးမှသာ စာသင်ခန်းဘက်သို့ အာရုံပြန်စိုက်မိတော့သည်။"ဆော့ဂျင်.. ဒီညနေ ကျောင်းဆင်းရင် အားလား... ငါတို့ရုပ်ရှင်သွားကြည့်မလို့!!"
အနေအေးပြီး လှလွန်းသော သူငယ်ချင်းမလေးမှ မေးလာခဲ့သည်။
"ယွန်းဂီရော လိုက်မှာလား!!"
"ဟင့်အင်း ယွန်းဂီက မအားဘူးတဲ့ အဲ့တာနင်ရော!!"
"အမှန်တော့ ငါလည်းသွားစရာရှိသေးတာ opera ပွဲလေ အဲ့သွားမလို့!!!"
"ဪ... အေးပါ... အဲ့တာဆို ငါတခြားသူနဲ့ပဲသွားတော့မယ်!!"
"အင်း ချယ်ယွန်း!!"
YOU ARE READING
စည်း (one shot)
Fanficမကျော်သင့်တဲ့စည်းတစ်ခုကိုကျော်မိတာလား ကျော်ပြီးတော့မှ စည်းခြားလိုက်တာလား