Uni 1

13 3 0
                                    

သက္ကရာဇ် 1900ပြည့်နှစ်(ကိုလိုနီခေတ်).....

မဟာမြိုင်စံအိမ်ရှိ စာဖတ်ခန်းအတွင်း၌
စံအိမ်သခင်ဦးလှဖေတစ်ယောက် စာရင်းစာအုပ်များကို စစ်ဆေးလျက်ရှိသည်။

တိုင်းတပါးလက်အောက်ခံဖြစ်၍ ‌မတန်တဆပေးဆောင်ရသောအခွန်များကြောင့် လယ်မြေများကိုရောင်းချသူများပို၍များလာနေသည်မို့ ဦးလှဖေတစ်ယောက်မိမိတို့ဘိုးဘွားမြေများကို တိုင်းတပါးသားတို့ဈေးနှိမ်၀ယ်ယူခြင်းမပြုနိုင်စေရန် လယ်ယာမြေစာချုပ်ကိစ္စများနှင့်အလုပ်ရှုပ်နေခြင်းဖြစ်သည်။

မြို့တော်Yအနီးရှိလယ်ယာမြေများကို ၀ယ်ယူပြီး လယ်ပိုင်ရှင်များကိုပင် ပြန်လည်လုပ်ကိုင်စေသည်။သီးနှံထွက်ချိန်ရောက်၍ ပိုလျှံမှသာ အစုကျ ဝေစုတောင်း၍ ကျန်သီးနှံများကိုမူ
တောင်သူတို့အားခွဲဝေယူစေခဲ့သည်။
ထို့ကြောင့်ပင် မြို့တော်Yတွင် မဟာမြိုင်စံအိမ်ကို မသိသူမရှိဖြစ်နေတော့သည်။

''သခင်ကြီး...ဒုက္ခတော့များကုန်ပြီထင်ပါရဲ့
ဒီကိုလာကြည့်ပါဦး...''

ဒေါ်ဒေါ်မြ၏ ထိတ်လန့်တကြားအော်ဟစ်သံ
ကြောင့်ဦးလှဖေတစ်ယောက် စစ်ဆေးလက်စဖိုင်တွဲများအား ချကာ အိမ်အောက်ထပ်သို့
ဒုန်းဆင်းရသည်။အိမ်အောက်ထပ်တွင် ဒေါ်ဒေါ်မြနှင့် မစံပါယ်တို့သားအမိသာနေသည်မို့ အရေးကိစ္စမှာ မစံပါယ်တို့ဖြစ်ဖို့များသည်မို့ စိတ်ကပို၍ပင်လောနေတော့သည်။

''သခင်ကြီးရေ..ဒီမှာကြည့်ပါဦး မစံပါယ်ရော
သခင်လေးရော မရှိတော့ဘူးတော့...''

ဦးလှဖေအခန်းထဲသို့ ရောက်ရောက်ခြင်းမြင်လိုက်ရသည်မှာ စာတစ်စောင်ကို ကိုင်ပြီးငိုနေ
သော ဒေါ်ဒေါ်မြနှင့် ခြေရာလက်ရာပင်မကျန်အောင် ပြောင်ရှင်းနေသောအခန်းပင်ဖြစ်တော့သည်။

''ဒေါ်ဒေါ်မြ ကျုပ်ကို အဲ့သည်စာပေးပါဦး..
ပြီးတော့ ဂတ်ကိုအကြောင်းကြားဖို့မောင်သောင်းကို ခေါ်သွားပါ...မြန်မြန်လုပ်ပါဗျာ..''
ဒေါ်မြထွက်သွားမှ ဦးလှဖေတစ်ယောက်
စာရွက်ကို ဖွင့်ကြည့်ရသည်။ပူလောင်နေသောစိတ်ကြောင့် စာရွက်ကိုင်ထားသောလက်တို့ပင် တုန်ရီနေတော့သည်။

You've reached the end of published parts.

⏰ Last updated: Feb 05, 2022 ⏰

Add this story to your Library to get notified about new parts!

ကြာစွယ်ရိုးWhere stories live. Discover now