My King

6.7K 150 6
                                    

Jeonနိုင်ငံတော်.......ဆူညံနေတဲ့စျေးတစ်ခုအတွင်း......

"အရှင်Jeon.....ထွက်လာတာကြာနေပါပြီ.......ပြန်သင့်ပြီထင်ပါတယ်......."

"အင်း.....ခဏနေရင်ပြန်ကြတာပေါ့......."

အရှင်သည်ခဏနေရင်လို့ပြောနေတာ၁၀ခါမကတော့ပေ......ပြောလည်းမရတာသိနေတာမို့နောက်ကနေသာဆက်လိုက်နေရတော့သည်.....အရှင်သည်တစ်ပတ်တစ်ခါရုပ်ဖျက်ပြီးအခုလိုတိုင်းပြည်တွင်းလိုက်လံလေ့လာရှိသည်.....ပြည်သူအဆင်ပြေရဲ့လားဆိုတာကိုယ်တိုင်သိချင်လို့တဲ့လေ......ဒီလိုတေကြောင့်လည်းဒီတိုင်းပြည်ကဒီလိုသာယာနေရတာ......

"အရှင်Jeonပြန်သင့်နေပါပြီ....."

"အင်း.....ခဏနေရင်ပြန်ကြတာပေါ့......"

"အရှင်Jeonအဲ့လိုပြောနေတာ၁၀ခါမကတော့ပါဘူး.....ပြန်ရအောင်ပါအရှင်ရယ်......ညီလာခံလဲရှိသေးတယ်လေ......"

"အဲ့ဒီညီလာခံကိုမတက်ချင်လို့ကိုမသွားတာ......အမတ်မင်းတေကတိုင်းပြည်ရေးရာမဆွေးနွေးကြဘဲငါ့ကိုကြင်ယာတော်ရှာဖို့ဘဲပြောနေကြတာ......."

"အရှင့်ရဲ့ဆက်ခံသူကိုရဖို့ကြင်ယာတော်ရှာရမှာပေါ့အရှင်ရဲ့.....ဟိုဘက်တိုင်းပြည်ကဆက်သထားတဲ့မင်းသမီးLinnကလည်းလှတာဘဲလေ.....အရှင်သဘောမကျဘူးလား......"

"သဘောမကျပါဘူး......သူတို့တေအကုန်လုံးကငါ့ကိုချစ်ကြတာမှမဟုတ်တာ......ငါ့ရဲ့ဘုရင်ဆိုတဲ့ဂုဏ်ကိုချစ်ကြတာလေ.......ငါကငါ့ကိုချစ်တဲ့သူကိုဘဲတစ်ဦးထဲကြင်ယာတော်မြှောက်မှာ......."

"ဟူး.....မပြောတော့ဘူးအရှင်ရေ.....လုပ်ချင်တာလုပ်ပါတော့....."

သူ့စကားအဆုံးအရှင်ကခပ်ဟဟရယ်သည်.......နောက်ဘာမှဆက်မပြောဘဲအရှေ့ကိုသာဆက်လျှောက်နေသည်.......

"အဲ့ကောင်ဖမ်းကြစမ်း.....မလွတ်စေနဲ့.....ရအောင်ဖမ်း......"

ဆူဆူညံညံအသံတို့နှင့်အတူပြေးလွှားလာကြတဲ့လူတစ်စု......ဘာဖြစ်နေကြမှန်းမသိပေမဲ့လူတစ်ယောက်ကိုလိုက်ဖမ်းနေကြပုံ......သူကြည့်နေတုန်းမှာပင်သူ့ရှေ့ရောက်လာတဲ့ကောင်လေးတစ်ယောက်......

"ကျွန်....ကျွန်တော့်ကိုကယ်ပါ.....လူကြီးမင်း......."

သူ့လက်ကိုဆွဲကိုင်ကာပြောလာတဲ့ကောင်လေး......သေသေသပ်သပ်ပြင်ထားခြင်းမဟုတ်တာတောင်ကောင်လေးသည်လှနေဆဲ.......

Taekook Short StoriesWhere stories live. Discover now