ရွက်ဟောင်းကြွေတဲ့နွေဦးလေ
မင်ဂလာပါဗျ ကျနော့နာမည် ရွက်ဟောင်းကြွေပါ ကျနော့်အချစ်ဦးရှိရှာမြို့လေးမှာကျောင်းပြန်တတ်ဖို့မကွေးမြို့လေးကိုပြန်နေပါပီ.......
ကျနော်ချစ်ရတဲ့နှောင်းခေတ်နွေဦးဆိုတဲ့လူသားက ကျနော့ကိုမုတ်မိပါ့မလား မေ့သွားလောက်ပါပီ.............
ကျနေယ်တို့ဇာတ်လမ်းလေးကငါချစ်တာမင်း,မင်းချစ်တော့ငါ့သူငယ်ချင်း,ငါ့သူငယ်ချင်းချစ်တာမင်းညီ,မင်းညီချစ်တာငါ ဟဲဟဲ ရှုပ်သွားလား လေးပွင့်ဆိုင်ဇာတ်လမ်းလေးဆိုပါတော့............
ကျနော်တို့ကားလေးမကွေးမြို့လေးထဲကိုဝင်လာထဲက မကွေးမြို့ နဲ့ပတ်သတ်တဲ့အမှတ်တရလေးတွေကခေါင်းထဲတန်းဆီပီးဝင်လာပါတော့တယ် ချစ်ရသူကြီးနဲ့အမှတ်တရကတော့ထိပ်ဆုံးကပေါ့.............
အိမ်အဟောင်းလေးကိုရောက်တော့သန့်ရှင်းရေးပြန်လုပ်လိုက်တယ် ဖေဖေရယ်မေမေရယ်ကျနော်ရယ် ကလေးဘဝရဲ့အမှတ်တရလေးတွေပေါ့.............
ရန်ကုန်ကနေမကွေးကိုမနားတမ်းကားဆီးခဲ့ရသည်မို့ဖေဖေရောမေမေရောကျနော်ရောပင်ပန်းခါစောစောအနားယူခဲ့ကျသည်။
မနက်ဖန်ချစ်ရသူနဲ့တွေ့ဖို့ကျောင်းသွားရမည်မလား.........
ကျောင်းအပ်မယ့်ကိစ္စကိုတော့ရန်ကုန်မှာထဲကဖေဖေကြိုတင်ပြင်ဆင်ထားတာမလို့တန်းသွားရုံပါပဲ
_________________
ကျနော်ကျောင်းသွားရတော့မယ် ချစ်ရသူကိုတွေ့ဖို့မစောင့်နိုင်သောကြောင့်မနက်စာမစားပဲထွက်လာခဲ့သည်
ဆယ်တန်းတတ်ရမှာဟာသူများတေအတွက်တော့ငရဲလိုပဲ ဒါပေမယ့်ကျနော်အတွက်တော့ပျော်ရွှင်မှုပါပဲ
အတွေးတွေထဲမြောကာကျောင်းတော်ကြီးရှေ့ကိုရောက်ရှိလို့လာခဲ့ပါပီ
ကျောင်းတော်ကြီးထဲကိုဝင်လိုက်ရင်ပဲ အမှတ်တရများနဲ့ပျော်ရွှင်မှုအငွေ့အသက်များကပြည့်နက်လို့နေသည့် အ.ထ.က(၁) ကျောင်းတော်ကြီး............
တွေးရင်းနဲ့ပဲသူနဲ့စတွေ့ခဲ့တဲ့အချိန်လေးကိုသတိရသွားသည်
YOU ARE READING
ရွက်ဟောင်းကြွေတဲ့နွေဦးလေ
Romance✨ကျောင်းသားဘဝကိုနောက်ခံထားတာမလို့ဖတ်တဲ့အခါမပြင်းရအောင်အတတ်နိုင်ဆုံးရေးထားပါတယ်ရှင့်✨