ကျနော်အတန်းထဲဝင်ခါနီးကောင်မလေးတယောက်နဲ့ဝင်တိုက်မိပြီးကောင်မလေးလက်ထဲကမုန့်တွေထွက်ကြကုန်သည်
"ဟဲ့အကောင် နင်ကန်းနေလား လူတယောက်လုံးလာတာကိုမမြင်ဘူးလား ဟမ် နင့်စောက်လုံးကဘယ်သူ့ကြည့်ဖို့ထားထားတာလဲဟမ်"
ကောင်မလေးကစာအုပ်ကောက်ရင်းပြောနေသည်
*ဟ ဒီအသံက ငါထင်နေတဲ့သူမဟုတ်ပါစေနဲ့*
ကောင်မလေးမတ်တပ်ရပ်လိုက်တော့ နေပူနေတုန်းမိုးကြိုဆယ်စင်းပစ်ချလိုက်သလိုပါပဲ
ဟုတ်ပါတယ်သူမှသူအစစ် ကျနော့်ချစ်ဆုံးသူငယ်ချင်းမကြီးခေါ်စုန်းမကြီးဒေါ်လွမ်းရိပ်ရာ ပါ အသံပါဝါနဲ့စွာတေးလန်တဲ့စောက်ကျင့်ကတော့သေတောင်ပျောက်မည့်ပုံမပေါ် ခုပဲကြည့်လေ
နှောင်းခေတ်အကြောင်းတေပြောပြနေတာနဲ့သူ့အကြောင်းပြောဖို့မေ့သွားတာ သူနဲ့လဲငယ်ငယ်ထဲကခင်လာတာ နှောင်းခေတ်ရယ်ကျနော်ရယ် လွမ်းရိပ်ရာရယ် သုံးယောက်အဖွဲ့လိုပုံစံလေးပေါ့
"စောက်ခွေးတဒေါင်းစားရွက်ဟောင်းနင်မလားခွေးသားကျောဂ်းပြောင်းတာလဲပြောမသွားဘူး နင့်အိမ်လိုက်သွားတော့လဲအိမ်ကပိတ်သွားပီ ငါဘယ်လောက်တောင်စိတ်ဆိုးလဲနင်သိလား"
"ဟာ နင်ကလဲ ငါကဘယ်ပြောင်းခြင်ပါ့မလဲဖေဖေအလုပ်ကိစ္စနဲ့အရေးကြီးနေတော့ဘယ်သူ့မှမပြောဖစ်ဘူးဖစ်သွားတာ"
"ဦးဘုန်းနဲ့အန်တီဟန်ကလဲငါ့ကိုဖုန်းတောင်မဆက်ဘူးအဆက်သွယ်ကိုဖြတ်သွားကြတာ"
"အေးပါဟာ တောင်းပန်ပါတယ်ငါ့သူငယ်ချင်းစုန်းမကြီးကိုမဆက်သွယ်မိလို့ ဒီညနေကျောင်းဆင်းရင်နင့်အဖေနဲ့တူတူအိမ်လာခဲ့လေ ငါ့အမေကိုမုန့်လုပ်ခိုင်းထားမယ် နင့်အကြိုက်ဆုံးကြည်ဥပေါင်းလေးစားပီးငါ့ကိုစိတ်ဆိုးပြေလိုက်နော်"
"ဟွန်း ပီးရော"
___________________စာသင်ချိန်ပီးလို့မုန့်စားဆင်းချိန်ရောက်သည်ထိနှောင်းခေတ်အကြောင်းဘယ်သူမှမပြောသလိုဘာမှလဲမသိသူ့ရုပ်ပဲပြောင်းသွားလို့လားမသိ ကျနော်သူ့ကိုမတွေ့တော့ ဖင်ဂဏာမငြိမ် ဖစ်နေသည်
YOU ARE READING
ရွက်ဟောင်းကြွေတဲ့နွေဦးလေ
Romance✨ကျောင်းသားဘဝကိုနောက်ခံထားတာမလို့ဖတ်တဲ့အခါမပြင်းရအောင်အတတ်နိုင်ဆုံးရေးထားပါတယ်ရှင့်✨