အစ္ကို .. တွေ့ခဲ့ရတဲ့ ခဏတာမွာလဲ အစ္ကိုက ကျွန်တော့်ရဲ့ ငြိမ်းချမ်းမှု့ပါပဲ။ ခဏတာမွာ တစ်သက်လုံးပုံအပ်ချင်မိတဲ့ ကျွန်တော်က အစ်ကို့နှုတ်ခမ်းဖူးဖူးမှာ ခြေချော်ပြီး ပါးချိုင့်နက်ကလေးထဲ တမင်ခုန်ဝင်ခဲ့မိတာပေါ့ . . . . .
အေးစက်တဲ့ နှင်းတွေကြားမှာ အစ်ကို့ကို နင့်နေအောင် နွေးနွေးထွေးထွေးပွေ့ဖက်ချင်တယ်။
ခရစ္စမတ်မရောက်ခင် ခုနှစ်ရက်အလိုမှာ ကျွန်တော်တို့ တွေ့ဆုံခဲ့ကြသည်။ အစ္ကိုက အနီရောင်မာဖလာလေးနဲ့။
________________________________
(ပထမနေ့)
(19 . Dec)ဒီဇင်ဘာကို ရောက်နေပေမဲ့လဲ နှင်းမကျသေးသည်မို့ မနက်ဖြန်တော့ ကျလိုက်မည်ဟု တွေးမိသည်။ ဒီလိုတွေးနေမိတာ ဆောင်းဝင်စကတည်းကပါပဲ။
" ဟူး ... အေးလိုက်တာ။ "
လက်အိတ်မဝတ်ထားတဲ့ ရေချိုးပြီးကာစ လက်နှစ်ဖက်ကို ပွတ်တိုက်ရင်း အာငွေ့ပေးလိုက်သည်။ အကျႌလက်မောင်းတိုလေးမလို့ ပေါ်နေတဲ့ လက်မောင်းများကို သုံးလေးချက်လောက် ခပ်ဆတ်ဆတ်ပုတ်မိသည်။ အသည်းခိုက်အောင် အေးတဲ့ ဆောင်းရာသီဖြစ်ပါစေ။ ရေမချိုးရ မနေနိုင်တဲ့ ကျွန်တော့်အဖို့ လေမဖြတ်သွားခြင်းသည် ကံကောင်းသည်ဟု ဆိုနိုင်သည်။
စိုနေတဲ့ ခေါင်းကို သဘက်နဲ့သုတ်နေရာမှပင် အေးလွန်းသည်မို့ ခေါင်းစွပ်အနွေးထည်ကို လက်လျှိုလိုက်သည်။ ကျန်နေတဲ့ ဘယ်လက်ဖြင့် ခေါင်းပေါ်မှ သဘက်ကိုဆွဲယူပြီး ကျန်နေတဲ့ ဘယ္လက္ကိုလဲ အကျႌလက်ထဲ လျိုှဝင်လိုက်သည်။
အောက်က ဘောင်းဘီကိုလဲ အလျှင်အမြန်ကောက်စွပ်ရင်း ကုတင်ခေါင်းရင်းက နာရီအသေးလေးကိုလှမ်းကြည့်မိတော့ ၈ နာရီ ထိုးတော့မည်။ နာရီကြည့်ပြီးသည်နှင့် ပိုမြန်ဆန်လာတဲ့ လက်လှုပ်ရှားမှု့နဲ့ စိတ်အလောကြီးမှု့တွေကြောင့် အိမ်ရှေ့ခန်းသို့ အျမန္ထြက္ကာ ဧည့်ခန်းကနေပါ လှမ်းမြင်နေရတဲ့ မီးဖိုခန်းလေးဆီ ဦးတည်လိုက်သည်။ စားပွဲပေါ် မသိမသာ အကြည့်ရောက်မိတော့ တစ်ယောက်တည်းသမားတို့ရဲ့ ထုံးစံအတိုင်း စားပြီးသား ပါဆယ်အခွံများကိုသာ မြင်မိသည်။

YOU ARE READING
|| Snow, Coffee & U || Z+U « 𝐎𝐧𝐞 𝐒𝐡𝐨𝐭 »
Fanfic(Uni) အစ်ကို .. တွေ့ခဲ့ရတဲ့ ခဏတာမှာလဲ အစ်ကိုက ကျွန်တော့်ရဲ့ ငြိမ်းချမ်းမှု့ပါပဲ ... ခဏတာမွာ တစ်သက်လုံးပုံအပ်ချင်မိတဲ့ ကျွန်တော်က အစ်ကို့နှုတ်ခမ်းဖူးဖူးမှာ ခြေချော်ပြီး ပါးချိုင့်နက်ကလေးထဲ တမင်ခုန်ဝင်ခဲ့မိတာပေါ့..... အေးစက်တဲ့ နှင်းတွေကြားမှာ အစ်ကို့...