"နင့်စိတ်က ဘာဖြစ်နေတာလဲ နင်ဘာကို
လိုချင်နေတာလဲ အိုဆယ်ဟွန်း"သူ့ကားရဲ့ ဘေးခုံမှာ ထိုင်ကာ သူ့မျက်လုံးတွေကို
စိုက်ကြည့်ရင်း မေးလာသည့် အာယောင်းရဲ့
အမေးစကားတွေကို သူ့မှာ ဖြေစရာအဖြေမရှိပေ။မနေ့တစ်နေ့ကထိ ခံစားချက်တွေသူမအပေါ်မှာ
ရှိနေသေးတယ်လို့ ထင်ခဲ့ပေမဲ့ အခုလို သူမဘက်က
ပွင့်ပွင့်လင်းလင်းနဲ့ ပြန်တွဲကြဖို့ ပြောပြန်တော့လည်း သူ့စိတ်က အရမ်းကြီးလိုချင်မနေပါ။
သူပြန်မတွဲချင်။" ဘာမဟုတ်တဲ့ နင်ပစ်ထားလို့ နင်ငါ့ကို အချိန်မပေးလို့ဆိုတဲ့အကြောင်းပြချက်လေးနဲ့ ငါလီယွန်းနဲ့
အဲ့ဒီညက မှားခဲ့မိတာ ငါမှားသွားတယ်။
ငါဝန်ခံတယ်။ ဒါပေမဲ့ နင်လည်း ငါ့ကို
ရွဲ့ချင်စိတ်သက်သက်နဲ့
အဲ့ဒီကောင်လေးနဲ့ တွဲပြခဲ့တာပဲလေ။အခုငါပြန်လာပြီလေ
အိုဆယ်ဟွန်း နင်မူးတိုင်းငါ့ကို ဖုန်းဆက်နေခဲ့တာပဲ
မဟုတ်ဘူးလား။ နင် cheating on you သီချင်းကို
တောင်မှ ငါ့အတွက် ရည်ရွယ် ခဲ့တာမဟုတ်လား။အခု နင့်စိတ်တွေမပြတ်မသားဖြစ်နေတာ
ဘာလို့လဲ"ဆယ်ဟွန်း ထိုင်ခုံနောက်ကျောကို
ခေါင်းမှီချလိုက်ကာ မျက်လုံးတွေကို
မှေးမှိတ်ထားလိုက်မိသည်။"ဘာလဲ။အဲ့ဒီကောင်လေးကို တကယ်ချစ်သွားတာလား။ အဲ့ဒီလိုလား.."
ခနဲ့သံနဲ့ပြောလာသည့် ထိုစကားကိုလည်း သူ့မှာ
ချေပစရာရှိမနေခဲ့ပါ။
သူ့ခေါင်းတစ်ခုလုံးရှုပ်ထွေးပြီး
အလိုလိုဒေါသထွက်နေတာက
ဘာကြောင့်များပါလိမ့်။သေချာတာကတော့ ..
သူ့မှာ အာယောင်းကို ပြန်တွဲချင်စိတ်မရှိသေးပါ။
အချစ်လို့တွေးလိုက်မိရင် နှစ်ရှည်လများ
သံယောဇဉ်တွေ ချည်နှောင်ခဲ့တဲ့ အာယောင်းကိုပဲ
မြင်မိခဲ့တာ မှန်ရဲ့သားနဲ့....။
ဘယ်အချိန်ပြန်လာလာ လက်ခံမိမှာပဲလို့
ကိုယ့်ကိုယ်ကိုယ်သေချာခဲ့ပါရဲ့သားနဲ့...
အခုချိန်မှ တွန့်ဆုတ်နေမိခဲ့တဲ့ သူက
ဘာကိုလိုချင်နေတာတဲ့လဲ..။"ဆယ်ဟွန်း တကယ်ဆို ငါတို့ သူ့အကြောင်းကို
စကားထဲထည့်ပြောနေစရာကို မလိုဘူးနော်။
သူက နင်ခဏလောက်ကစားခဲ့တဲ့ အရုပ်သာသာပဲ
မဟုတ်ဘူးလား"