9

3.2K 398 76
                                    


1 Month Later


မီးရောင်သည် တလဲ့လဲ့။
လူသူနည်းနေသော roof top bar သည်
ခပ်တိုးတိုး စကားပြောသံ တစ်ချို့မှလွဲ၍
အနည်းငယ်တိတ်ဆိတ်နေသည်။

ဘယ်နှခွက်မြောက်မှန်းမသိသည့် ခွက်ကို
ကောက်မော့ရင်း သူ့အာရုံတွေထွေပြားလာသလို
ခံစားလာရပေမဲ့ ရင်ထဲမှ အမည်တပ်မရသည့် အစိုင်အခဲကြီးက ကျေပျက်မသွားခဲ့..။

" ဆယ်ဟွန်း ...အများကြီးမသောက်နဲ့ဦး။
အာယောင်းစိတ်ဆိုးရင်ငါတို့မပါဘူးနော်"

တစ်ဝိုင်းထဲ အတူထိုင်နေသည့် ငယ်သူငယ်ချင်း
နှစ်ယောက်ထဲမှ တစ်ယောက်က ပြောလာခြင်းဖြစ်သည်။ ကျောင်းအပြီးငယ်ငယ်ကတည်းက
ကွဲသွားကြပြီး အခုမှ ပြန်တွေ့ကြတဲ့သူငယ်ချင်းတွေ ဖြစ်တာကြောင့် အာယောင်းနဲ့သူတွဲနေတာကို
သိသည်လား..၊ ဒါမှမဟုတ် အာယောင်းခဏခဏ
တင်သည့် သူနဲ့ ဓာတ်ပုံတွေကြောင့် သိနေသည်လား
သူဝေမခွဲချင်တော့ပါ။

တစ်လကြာခဲ့ပြီပဲ..။
သူခံစားချက်မရှိ၊ဘာအတွေးမှမရှိ ဘာမှထည့်
မထားတဲ့ ခွက်အလွတ်တစ်ခုလို
ဗလာသက်သက် နေခဲ့တာ တစ်လ
ပင်ရှိနေပေပြီ။

ဒီကြားထဲ ပျော်နေသည်လား၊ဝမ်းနည်းသည်လား၊
အသက်ရှင်ချင်စိတ်ရှိခဲ့သည်လား၊ဘယ်သူမှမရှိတဲ့
နေရာတစ်ခုထိ ထွက်သွားခဲ့ချင်သည်လား
သူကိုယ်တိုင် ဘာမှမသိခဲ့။
ဘာဆို ဘာမှ သူ့အတွက် အဓိပ္ပာယ်မရှိခဲ့။

အဲ့ဒီတစ်ယောက်နဲ့ သူစကားအကြီးအကျယ်
များပြီး ပြန်လာတဲ့ညမှာပဲ အာယောင်းပြောတဲ့
ပြန်တွဲဖို့ ကိစ္စကို လက်ခံလိုက်တာက
သူ့ခေါင်းထဲမှာရှိသည့် နောက်ဆုံး
မှတ်ဉာဏ်ပဲဖြစ်သည်။

ဒီနောက်ပိုင်းမှာ သူက နာမ်မရှိတဲ့ရုပ်ချည်း
သက်သက်လိုသာ ရှင်သန်နေခဲ့တာဖြစ်သည်။

" ဆယ်ဟွန်း ဟိုမှာ မင်းအရင်က ခဏတွဲဖူးတဲ့
ကောင်လေးမဟုတ်လား ။ အတူလာတာ
သူ့နောက်တစ်ယောက်လား"

သူထိုင်နေတဲ့နောက်ကျောဘက်ကို
ကြည့်ကာပြောလိုက်သည်ကြောင့် ဆယ်ဟွန်း
လှည့်ကြည့်လိုက်သည်။

ဂျုံအင်ဖြစ်သည်။
သို့သော် သူ့ဘေးနားက တစ်ယောက်ကတော့
လီယွန်းမဟုတ်ခဲ့ဘဲ တခြားသူစိမ်းတစ်ယောက်သာ
ဖြစ်သည်။

WRONGWhere stories live. Discover now