မမုန်းရက်ခဲ့ပါ (Uni)

1.6K 48 3
                                    

"အကို ဒါကကျွန်တော်နဲ့ မကြာခင်မှာလက်ထပ်မယ့်သူပါ"

အကို‌တဲ့လား အဟက် ..အရင်တုန်းကလို ဟန်နီလို့မခေါ်တော့ဘူးဘဲ မောင်တကယ်ကို ပြောင်းလဲသွားတာဘဲ...။

မောင်ပြောလိုက်တဲ့ မကြာခင် လက်ထက်တော့မယ်ဆိုတဲ့ စကားတွေဟာ ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသလို့ ရင်ထဲစို့နစ်စွာ ခံစားလိုက်ရတယ်။

မတွေရတဲ့ ခြောက်လကျော်အတွင်းမှာ မောင်ကငါ့ဆီကို အခုလိုပုံစံမျိုးနဲ့ လာလိမ့်မယ်လို့ မထင်ထားဘူး။

မောင်အရင်ကထက် ပိုပိန်သွားသလို ခံစားလိုက်ရသလို့ မကြာခင် လက်ထပ်ရတော့မှာမို့လို့ မင်္ဂလာ‌ဆောင်အတွက် ပြင်ဆင်ရတာတွေကြောင့် ပင်ပန်းနေတာဖြစ်မယ်လို့ အသိတွေက၀င်လာပြန်တယ်...။

ရင်ထဲမှာ ငိုနေရသလောက် အပြင်မှာတော့ဘာမှမဖြစ်သလိုသာ ဟန်ဆောင်အပြုံးတွေဆင်မြန်းရင်နဲ့သာ နှုတ်ဆက်လိုက်တယ်...။

‌" တွေ့ရတာ၀မ်းသာပါတယ်ညီမ အကို့နာမည်က ဝေသော် ပါ"

မောင် ‌ငါတော်တယ်မလား မင်းနဲ့ပတ်သက်ပီး ဟန်ဆောင်ရတဲ့ နေရာတွေမှာလေ...

"ကိုယ်ကညီ့ရဲ့ ....အရင်နှီးဆုံးလူတစ်ယောက်ပါ"

မောင့်ဘက်က မျက်နှာတစ်ချက် ပျက်သွားပေမယ့် အရမ်းဟန်ဆောင်ကောင်းတဲ့မောင်က ချက်ချင်းဆိုသလို မျက်နှာပြန်ပြင်နိုင်ခဲ့တယ်...။

အဟက်...ရင်နာလိုက်တာ မောင်ရာမင်ကို သေလောက်အောင် ချစ်မိပီဆိုမှ မင်က အခုလိုလုပ်ရက်လိုက်တာလို့ ဝေသော် တစ်ယောက် ရင်ထဲမှာ စကားတွေအများကြီး ပြောနေမိသည်။

"တွေ့ရတာ ၀မ်းသာပါတယ် အကို...ထားနာမည်က စံထားထားမေပါ"

‌မောင်နှင့်လက်ထပ်မည့် မိန်းကလေးက ချော‌မောလှပသည်ထက် ယဉ်ယဉ်လေးနဲ့အ‌နေအေးမည့်မိန်းကလေးမျိုးထဲတွင်ပါသည်။

အသား‌အရေက ဖြူတဲ့အထဲမပါပေမယ့် ၀င်းဝါနေသည့် အဆင်းရှိသလို ပိတုန်းရောင် ဆံနွယ်အရှည်ကြီးကို ပိုင်ဆိုင်ထားသည့်အတွက် ယဥ်ယဥ်လေးနဲ့မြန်မာဆန်ဆန်လေးမို့လို့ မောင်နှင့်အလိုက်ဖက်ဆုံးမိန်းကလေး တစ်ယောက်ဆိုတာ မမှားနိုင်ပေ။

မမုန်းရက်ခဲ့ပါ (မမုန္းရက္ခဲ့ပါ)Onde histórias criam vida. Descubra agora