~Two~

14 2 1
                                    


ကိုယ်ဝန်ကိစ္စoppaသိပြီးနောက်ပိုင်း အလုပ်သွားအလုပ်ပြန်တိုင်း oppaပဲအကြိုအပို့လုပ်ပေးခဲ့တယ် ကျွန်မကိုယ်တိုင်ကားမမောင်းစေချင်လို့တဲ့လေ Seol Hyun unnieကိုအားနာမိပေမယ့် ကျွန်မတစ်ကိုယ်ကောင်းဆန်စွာပဲ oppaရဲ့ဂရုစိုက်မှုတွေကို ရယူမိခဲ့တယ်

" Byul ah!  ဒီတစ်ပတ်ပိတ်ရက် အားအောင်လုပ်ထားနော် ဆေးရုံသွားရမယ်"

"Wae oppa! Chawနေကောင်းပါတယ်"

"ဗိုက်ဗိုက်ကိုOGနဲ့သေချာအပ်ရမယ်လေ ဒါမှဆောင်ရန်ရှောင်ရန်တွေသိပြီး သေချာဂရုစိုက်လို့ရမှာပေါ့"

"လရင့်လာမှသွားလို့မရဘူးလား Chawဆေးရုံဆေးခန်းတွေ သွားရမှာကြောက်တယ် oppa"

"ဘာမှကြောက်မနေနဲ့ oppaအထဲထိလိုက်ခဲ့ပေးမယ် သေချာသာပြင်ဆင်ထားလိုက် oppaလာကြိုမယ်ဟုတ်ပြီလား"

"Nae oppa"

............................

"Moon Byul ssi ဝင်လို့ရပါပြီ ခင်ပွန်းကိုပါအထဲခေါ်လို့ရတယ်နော်"

ဝန်ထမ်းမိန်းကလေးရဲ့အပြောကြောင့် oppaရောကျွန်မပါ မျက်နှာတွေရဲခနဲဖြစ်သွားရသည် ရှက်ရှက်နဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဘေးမှာသူတို့ခင်ပွန်းတွေရှိနေ၏ ကျွန်မတို့ကိုလင်မယားလို့ထင်တာအဆန်းတော့မဟုတ်ပါဘူးလေ oppaသာကားပါကင်မှာနေခဲ့ရင် ကျွန်မတော့အားငယ်နေမိမှာအမှန်ပဲ

"သန္ဓေသားလေးရဲ့နှလုံးကစခုန်နေပါပြီနော် အနေအထားလည်းကောင်းပါတယ် နှလုံးခုန်သံလေးနားထောင်ကြည့်ပါဦး"

ကလေးရဲ့နှလုံးခုန်သံကြားပြီးနောက် ပီတိစိတ်ကရင်ထဲလှိုက်ခနဲစို့တက်လာပြီး မျက်ရည်များဝဲတက်လာသည် ဒါဟာမိဘမေတ္တာလားတော့ ကျွန်မလည်းသေချာမခွဲခြားတတ်ဘူး oppaလည်းကျွန်မကဲ့သို့ပင်မျက်ရည်များဝဲလျှက်

"ကိုယ်ဝန်ကလနုသေးတော့ သေချာဂရုစိုက်စေချင်တယ် အားဆေးမှန်မှန်သောက် အားရှိတာတွေစား အိပ်ရေးဝဝအိပ်ပြီး ပုံမှန်လမ်းလျှောက်ပေးစေချင်တယ် ပြီးတော့ကိုယ်ဝန်ပထမသုံးလအတွင်း လင်မယားချင်းအတူနေလို့ လုံးဝမရသေးဘူးနော်"

Please Forgive Me BabyWhere stories live. Discover now