ကံကြမ္မာစီမံရာအတိုင်း

139 3 0
                                    

Unicode

" ကိုကြီးရေ ဒီမှာသူငယ်ချင်း‌ေတွပါလာတယ် ကိုကြီးဆီကရင်ထိုးလေးတွေလိုချင်လို့တဲ့ "

" ညီညီကတော့လုပ်ချလာပြန်ပီ ဟူး..."

(သားအဖ၃ယောက်ပဲရှိတဲ့မိသားစုမှာ ညီညီဆိုတဲ့ညီမင်းဟန်ကကျွန်တော့်ရဲ့တစ်ဦးတည်းသောညီလေး ကျွန်တော်ကတော့မွေးရာပါနှလုံးရောဂါသည် ရှင်းဆက်ဟန်)

" ကိုကြီး သူကဧမုဏ်းဦး သူကပိုးပဝါ သူကမေမဒီတဲ့ ညီ့သူငယ်ချင်းတွေပဲ "

" တွေ့ရတာဝမ်းသာပါတယ် ကိုဆက် မုဏ်းတို့ကိုမှတ်မိမလားတော့မသိဘူး ဟိုတလောကျောင်းလာတုန်းကတစ်ခေါက်တွေ့ဖူးတယ်လေ "

" ဟုတ်ကဲ့ ကျွန်တော်သိပ်တော့မမှတ်မိတော့ဘူးထိုင်ကျအုံးလေ ကျွန်တော်ရင်ထိုးသွားယူလိုက်အုံးမယ် ..."

" တွေ့လားပြောသားပဲ ငါ့အကိုကသဘောကောင်းပါတယ်ဆို..."

(အမှန်တိုင်းဆိုဒီရင်ထိုးလေးတွေက မေမေထားခဲ့တဲ့ပစ္စည်းလေးတွေမို့လို့မပေးချင်ပေမယ့် ညီ့မျက်နှာကြောင့်ကျွန်တော်ပေးဖြစ်ခဲ့တယ် အဲ့ထဲကပိုးပဝါဆိုတဲ့ကောင်မလေးကိုတော့ကျွန်တော်သတိထားမိနေတယ် ညီ့ကျောင်းကိုလိုက်သွားတုံးကတွေ့ခဲ့တဲ့ကောင်မလေးပေါ့ )

#ကန်ဘောင်ဘေးက ခုံတန်းလေးတစ်ခု၌

" ကဲဘယ်လိုလဲ လိုချင်တာရပီမလားမုဏ်းအခုနင့်မှာရင်ထိုး၂ခုဖြစ်သွားပီ ငါပေးတာရယ်ကိုကြီးပေးတာရယ်"

"  အင်း နင့်ကိုကျေးဇူးတင်တယ် ဒါပေမယ့်ပိုးပဝါကိုဘာလို့ပေးတာလဲ သူ့ကိုအစထဲကမခေါ်ပါနဲ့ပြောထားတာကို သူ့အဆင့်နဲ့ငါ့အဆင့်တူတာမဟုတ်ဘူး မပတ်သက်ချင်ဘူး"

" နင်ကလည်းဟာ သူငယ်ချင်းတွေပဲကို ထားလိုက်ပါ နင်ပဲကိုကြီးဆီကလိုချင်တာဆို ကိုကြီးကငါ့တောင်ပေးတာမဟုတ်ဘူး သူငယ်ချင်းတွေလိုချင်တယ်ပြောတယ်ဆိုပီးမနည်းပြောထားရတာ ငယ်ငယ်ထဲကကျန်းမာရေးမကောင်းတော့ ဖေဖေနဲ့မေမေကအရမ်းအလိုလိုက်ထားတာ အရင်ကလုပ်ငန်းတွေရော အခုလုပ်ငန်းတွေပါ ကိုကြီးနာမည်နဲ့ပဲထားထားတာ "

" ဟင် အာ့ဆိုနင်ကရော နင့်မိဘတွေမရှိတော့ရင်နင်ကဘာမှမရတော့ဘူးလား နင့်အကိုသာမိန်းမရသွားရင်နင့်ကိုအိမ်ကတောင်ကန်ထုတ်ပစ်လိမ့်မယ် နင်မနာလိုမဖြစ်ဘူးလား"

𝘖𝘯𝘦 𝘚𝘩𝘰𝘵 Wo Geschichten leben. Entdecke jetzt