သူငယ်ချင်းထက်ပိုသော

315 8 0
                                    

Unicode

" ဟဲ့ ငါ့ကိုခနစောင့်အုံးလေ "

" နင်ကလည်းကြာလိုက်တာဟာ praticalရှိတာ နင်လား ငါလား အချိန်ကိုလည်းကြည့်အုံး"

" သွားမယ် သွားမယ် လာ"

"အခုမှ အသည်းအသန် ငါ့မှာသစ်ငုတ်ဖြစ်တော့မယ် စောင့်ရတာ"

"အေးပါဟာ နောက်မှမုန့်ဝယ်ကျွေးမယ် ငါအခုပြေးပီ"

"ပြုတ်ကျအုံးမယ် ဖြေးဖြေးသွားပါဟ"

"နောက်ကျနေပီ"

"ငါကန်တင်းမှာစောင့်နေမယ်နော် ပီးရင်လာခဲ့"

"အေးအေး"

*******

" ဘယ်လိုလဲနှင်း နင်မနက်ကအချိန်မှီလား"

" ကပ်သီးလေးပဲ မောလိုက်တာပြောမနေနဲ့"

" ငါ့မှာတော့စောင့်လိုက်ရတာ မယ်မင်းကြီးမကပေါ်မလာတော့ဘူး "

" ဆောတီးပါဟာ အိပ်ရာထနောက်ကျသွားလို့"

" နင့်မို့လို့ငါစောင့်ပေးတာနော် ဟိုကောင်တွေစောစောလာ ပြောတာတောင် ငါလာတာမဟုတ်ဘူး"

" ဟုတ်ပါပီဟာ ကျေးကျေး သူငယ်ချင်း"

" ညနေကျရင်လည်းတူတူပြန်မယ်နော် ငါနင့်အခန်းရှေ့လာခဲ့မယ်"

" အေးအေး ငါအရင်ပီးရင်လည်းစောင့်နေမယ်လေ"

#အပြန်ကားပေါ်ဝယ်

" နှင်း ငါ့ကိုနားကျပ်တစ်ဖက်ပေး"

" နင့်နားကျပ်ကဘယ်ရောက်သွားလို့လဲ"

" ငါ့နားကျပ်မပါလာလို့ဟ တစ်ဖက်ပေး"

" ရော့ ရော့"

"သီချင်းလည်းငါ့ဖုန်းနဲ့ဖွင့်မှာနော်"

" အေးပါ မဟုတ်တဲ့သီချင်းတွေတော့မဖွင့်နဲ့ "

🎵🎵🎵🎵🎵🎶🎶🎶🎶

"နင့်ဖုန်းထဲမှာဒီသီချင်းပဲရှိတာလား"

"ဘာဖြစ်လို့လဲ နင်မကြိုက်လို့လား ငါအခုတလော အဲ့သီချင်းကြိုက်နေလို့"

"အမယ် သီချင်းနဲ့တိုက်ဆိုင်နေလို့လား ငါ့ကိုလည်းပြောပြပါအုံး"

𝘖𝘯𝘦 𝘚𝘩𝘰𝘵 Donde viven las historias. Descúbrelo ahora