sec lee-ceo kim..
nj-ရှူး...
သူ့နာမည်ကိုခေါ်ပီးဝင်လာတဲ့အတွင်းရေးမှူးလီ ကိုတိုးတိုးနေဆိုတဲ့သဘောမျိုးလုပ်ပြလိုက်တယ်လေ ဒီလူကလဲအသံပြဲကြီးနဲ့အော်ဝင်လာတာကိုး။အခန်းထဲရောက်တော့မှဆိုဖာခုံမှာကွေးကွေးလေးအိပ်ပျော်နေတဲ့sjကိုမြင်တော့တအံ့တသြကြည့်နေတယ်လေ သူတို့ceoဆိုတဲ့လူကဘယ်သူ့ကိုမှဒီကိုခေါ်မလာဖူးလို့ပေါ့ လေတိုက်ရင်တောင်ရန်ရှာတတ်တဲ့လူရှေ့မှာသူ့ရဲ့သူငယ်ချင်းပါလို့ပြောနေတဲ့ကောင်လေးအိပ်နေတာကိုသွားစိုက်ကြည့်နေတော့သူJ၀င်ပီးဒေါသထွက်ပီလေ
nj-အဟမ်း...အတွင်းရေးမှူးလီ ဘာလာလုပ်တာလဲ သူ့ကိုကြည့်ဖို့လာတာဆိုပြန်တော့
sec lee-မ...မဟုတ်ပါဘူး အစည်းဝေးစတော့မလား လာမေးတာပါ လူစုံနေပါပီ
သူ့ceoဒေါသထွက်တဲ့လေသံနဲ့ပြောလာတော့သူကြောက်နေပီလေ သူမှတ်ထားလိုက်တာကနောက်တခါအဲ့ကောင်လေးကိုစောင်းပီးတောင်မကြည့်တော့ဘူးဆိုတာပေါ့
nj-ငါလာခဲ့မယ် မင်းကိုတခါထဲမှာထားမယ် နောက်တခါငါ့အခန်းထဲဝင်ရင်တံခါးခေါက်ဝင် ဟိုမှာတွေ့လား ခုံပေါ်မှာအိပ်နေတဲ့ကောင်လေး အဲ့ကောင်လေးကိုယောင်လို့တောင်မကြည့်မိစေနဲ့ အကုန်လုံးကိုလဲပြောထား ကြားလား...
sec lee-ဟုတ် ဟုတ်ကဲ့
nj-အစည်းဝေးသွားမယ်
သူ့အတွင်းရေးမှူးကိုပြောလိုက်ပီးအပြင်ထွက်မသွားသေးပဲsjစီအရင်သွားလိုက်ကာသူ့အပေါ်coatကိုခြုံပေးခဲ့တယ်လေ သူနောက်တခါcompanyမှာစောင်ပါထားရမယ်ဆိုပီးတွေးထားလိုက်တာပေါ့
____________________
njအစည်းဝေးလုပ်တာ၂နာရီလောက်ကြာသွားတယ်လေ သူပြန်ဝင်လာတော့အခန်းထဲမှာsjကနှစ်ခြိုက်စွာအိပ်ပျော်နေတုန်းပေါ့ သူလဲအခန်းထဲဝင်ဝင်ချင်းsjမျက်နှာလေးကိုမြင်လိုက်ရတော့ပင်ပန်းသမျှပျောက်သွားသလိုကိုဖြစ်သွားတယ်လေ သူလဲသူ့ခုံမှာသွားထိုင်လိုက်ပီးအလုပ်ဆက်လုပ်နေလိုက်တယ်လေ ခနနေတော့sjနိုးလာပီးသူ့မျက်လုံးလေးတွေကိုလက်နဲ့ဖိပွတ်နေတယ်လေ njချက်ချင်းထလာပီးsjလက်ကိုဆွဲလိုက်တာပေါ့
BẠN ĐANG ĐỌC
just friend💜 {complete}
Fanfiction၀င်ဖတ်ကြည့်ပီးအားပေးပါဉီးလို့💜 ၀င်ဖတ်ကြည့်ပီးအားပေးပါဦးလို့💜