Part 3

191 26 4
                                    

nj-ဟားးးးဟားးးးဟုတ်ပါပီကွာ

sj-ဟာ ရောက်လာပီ မင်းနဲ့ပြောရတာလေကုန်တယ် အားပြန်ဖြည့်ရမယ်

လာချသမျှသူ့ဘက်ပဲယူနေတယ်လေ

nj-ငါ့ကိုမကျွေးတော့ဘူးလား

sj-အစကတော့မင်းကိုလဲကျွေးမို့လေ ခုနမင်းကငါ့ကိုရုပ်ဆိုးတယ်ပြောတော့ ဒီကအချောလေးကစိတ်ကောက်လို့ကျွေးတော့ဘူး

nj-ငါ့ကိုမကျွေးရင်လဲအဲ့လောက်အများကြီးတယောက်ထဲမစားနဲ့လေ

sj-ဘာလဲ မင်းပိုက်ဆံကုန်မှာစိုးလို့လား

nj-မဟုတ်ပါဘူးကွာ

sj-ဟုတ်ပါတယ် ကပ်စေးနဲနေတာမလား ရပါတယ်ကွာ မင်းမှငါ့ကိုမကျွေးချင်တာမစားတော့ပါဘူးလေ😔

မျက်နှာငယ်လေးလုပ်ပြလိုက်တယ်လေ

nj-စားပါဗျာ စားပါ အဲ့လိုတော့မလုပ်ပြပါနဲ့ ဟုတ်ပီလား

sj-တကယ်နော်...

njပြုံးပီးခေါင်းငြိမ့်ပြလိုက်တယ်လေ

sj-yay!!!အာ့ကြောင့်မို့joonကို.....

စကားရပ်သွားတယ်လေ

nj-ဘာဖြစ်လဲ ဆက်ပြောလေ

sj-joonကိုခင်တာလို့ပြောတာပါ ဟီး

nj-အင်းပါ ငါလဲမင်းကိုခင်ပါတယ်

njကြားချင်တာမကြားလိုက်ရသလိုဟာတာတာခံစားချက်ကြီးဖြစ်သွားတယ်လေ သူကတော့အေးဆေးထိုင်စားနေတာပေါ့ သူစားနေတာကိုထိုင်ကြည့်ပီးnjပြုံးနေတယ်လေ တခါတခါနှုတ်ခမ်းနားမှာပေနေတာလေးကိုသုတ်ပေးနေတာပေါ့ အဲ့တာကသူတို့ကြားမှာအမြဲတန်းလုပ်ပေးနေကျဆိုတော့ရိုးနေပီလေ မသိတဲ့လူဆိုသူတို့ကိုအတွဲတွေလို့တောင်ထင်မှာပေါ့ njသူ့ကိုယ်သူလဲပြန်စဉ်းစားမိတယ်လေ ဘယ်သူ့အပေါ်ကိုမှသီးခံစိတ်မထားနိုင်တဲ့သူ့လိုလူကsjအပေါ်မှာဒီလိုဖြစ်နေတာဘာကြောင့်လဲ??? နောက်ဆုံးသူ့ဉီးနှောက်ကအဖြေကိုပဲအတည်ယူနေတယ်လေ အဲ့အဖြေက ငယ်ငယ်ထဲကအရမ်းခင်ခဲ့ရတဲ့သူငယ်ချင်းမလို့ပါ ဆိုတာပေါ့

သူတို့လဲစားပီးတော့အပြင်ထွက်ကြတယ်လေnjကတော့သူ့ကိုစကားမပြောပဲအရှေ့ထွက်သွားပီးကားပေါ်တက်ထိုင်နေတဲ့ကောင်လေးကြောင့်ပြုံးမိပြန်ပီလေ အော်...kim seokjinမင်းလေးကြောင့်ငါလဲခနခနပြုံးနေရပါလားနော် တကယ့်ကလေးလေးပဲ njကားပေါ်တက်သွားပီးsjကိုကြည့်လိုက်တော့ခါးပတ်မပတ်ရသေးတာသိလိုက်တယ်လေ စိတ်သာကောက်တာဒါတော့ရိုးရာမပျက်ပေါ့ njခါးပတ်ပတ်ပေးဖို့လက်လှမ်းလိုက်တော့နှုတ်ခမ်းဆူပီးထိုင်နေတဲ့ကလေးကလက်လှမ်းရိုက်လိုက်တယ်လေ

just friend💜 {complete}حيث تعيش القصص. اكتشف الآن