နိဒါန်း

21 2 2
                                    

Unicode

အဖြူရောင်ခန်းမကြီးအလယ် ကော်ဇောနီနီထက်

ကျော့ရှင်းလှပသောသတို့သမီးနေရာအစား

လှပသည်ထက် ပိုသည်ဟုဆိုရလောက်အောင်ပင်

ဖြူဖွေးဥနေသောအသားအရည်လေးနှင့်

အဖြူရောင်သတို့သားလေး။

တစ်စတစ်စပျံ့လွင့်လာသော သံစက်တေးသွားက

ခန်းမအတွင်းကျယ်ပြန့်စွာနေရာယူထားကြသည်။

မင်္ဂလာခန်းမစင်မြင့်ပေါ်တွင်

ကမ္ဗည်းရေးထိုးထားသည်က

*မောင်လျှန်းဘုန်းမြတ်စေ နှင့် ဒေါက်တာခေတ်ရောင်နီတေးတို့၏ မင်္ဂလာဧည့်ခံပွဲ*

ခင်ပွန်းဖြစ်သူ လျှန်းဘုန်းမြတ်စေ၏

လက်မောင်းလေးကို တင်းကြပ်စွာဆုပ်ကိုင်ရင်း

ကကြီးပုံစံနှုတ်ခမ်းလေး ကွေးညွှတ်သွားသည်အထိ

နှစ်ခြိုက်စွာပြုံးနေသောကောင်လေးသည်

မည်မျှပင်ပျော်ရွှင်နေကြောင်းကို မြင်ရုံဖြင့်ပင်

တပ်အပ်သိနိုင်သည်။

ယောကျာ်းလေးချင်းလက်ထပ်သော

မင်္ဂလာဧည့်ခံပွဲဖြစ်တာကြောင့်

တီးတိုးပြောဆိုချင်သူများရှိသော်လည်း

လက်ညှိုးစေရာစေနိုင်သော

စီအီးအိုလျှန်းဘုန်းမြတ်စေကို

လူတိုင်းကကြောက်ကြသည်။

ထို့ကြောင့် မင်္ဂလာဧည့်ခံပွဲအတွင်း

မည်သို့မည်သို့သော

အတင်းအဖျင်းပြောသံများမရှိပေ။

ပြောရဲသူလဲမရှိကြပေ။

လျှန်းဘုန်းမြတ်စေသည် ငယ်ရွယ်ပြီး

အောင်မြင်သောလူငယ်တစ်ယောက်ဖြစ်သည့်တိုင်

တည်ကြည်ပြတ်သားသည်။

သူနှင့်အလုပ်တွဲလုပ်သည်ကိုမဆိုထား၊

HatE U BuT FAll iN LoVEWhere stories live. Discover now