Unicode
"ဝမ်ရိပေါ် ..ယောင်္ကျားခိုးလာတယ်ဟေး"
"ဝမ်ရိပေါ် ...ယောင်္ကျားခိုးလာတယ်"
တစ်ရွာလုံး အုတ်အော်သောင်းနင်းဖြင့် လက်ခုပ်လက်ဝါးတီးပြီး ရွာထိပ်ဆီ အုပ်လိုက်ကြီးချီတတ်လာကြခြင်းဖြစ်သည်။တချို့ဆို ပန်းကုံးတွေပါ
ပါလာကြသေးသည်။သက်ကြီးရွယ်အိုကစလို့ တချို့ဆို ကလေး ကထစ်ခွင် ပြီးသူတို့ကလေးပေါက်စတွေပါ ခေါ်လာသေးတာ။တစ်ရွာလုံး သူကြီးသား ယောင်္ကျားခိုးလာတာကို ပျော်ရွှင်နေကြ။
ဝမ်းသာလုံး စို့တဲ့သူကစို့လို့။ထူးဆန်းတယ်မလား ။
သူတို့အတွက် မထူးဆန်းတဲ့အပြင်ပျော်နေကြတာလေ ဟုတ်။ ဘယ်လိုဘဲဖြစ်ဖြစ် တစ်ခုခုလွဲနေလောက်လားလို့ ထင်ကောင်းထင်နိုင်ပေမဲ့ သူတို့ပျော်နေကြတာလည်း မမှားဘူး။
ရွာပေမဲ့ ဒီရွာလေးကလူတွေက အမြင်မကျဉ်းဘူး။
စည်းလုံးတယ်။လူညီတယ်။စိတ်သဘောထား သိပ်ပြည့်ဝတယ် ။နောက်ပြီး ဧည့်ဝတ်သိပ်ကျေကြတဲ့
ရွာလေးလည်းဖြစ်သလို သဘာဝရှုခင်းတွေကလည်း
သိပ်လှတယ်။နောက်ပြီး တစ်ရွာလုံးရဲ့အချစ်တော် ရှောင်းလောင်ရှီးလေးကို သူကြီးသားအပေအတေက အပြီးခေါ်လာပေးလို့ ထီဆုကြီးပေါက်သလို ပျော်နေကြတာလည်းဖြစ်သည်။ သူတို့တစ်ရွာလုံးရှောင်းလောင်ရှီးလေးကို လွမ်းနေကြတာ။ တစ်ရွာလုံး အကျိုးပြုဂုဏ်ဆောင်ပေးတဲ့ ဝမ်ရိပေါ်က သိပ်ကိုဂုဏ်ဆာနေပြီဘဲဖြစ်တယ်။
"ဟေး ဝမ်ရိပေါ်...ကွယ်မထားနဲ့ ဘေးကို ဘေးကို"
ဂုဏ်ဆာပြီး နားရွက်တတ်ချိတ်မတတ် အပြုံးချိတ်ဆွဲထားတဲ့ ဝမ်ရိပေါ်က သရဖူဆောင်းထားတဲ့
ပလ္လင်ပေါ်ကဝက်လိုဘဲ ဖြစ်တယ်။ လည်ပင်းမှာလည်း တစ်ရွာလုံးရဲ့ ဂုဏ်ပြု ပန်းကုံးကလည်းအပြည့်နှင့်။"ကျွန်တော့် ယောင်္ကျား ရှက်နေပြီဗျ ခများတို့အရမ်းမအုံကြနဲ့လေ "
"ရှောင်းလောင်ရှီးက ရှက်လို့မင်းနောက်ဝင်ပုန်းနေတာနည်းနည်း မင်းကိုယ်တိုင်ကိုက တမင်ကွယ်နေတာ အံမယ် အံမယ် ရင်ခွင်ထဲတောင်ထည့်ဖက်ပစ်လိုက်သေးတယ် အရမ်းယွထနေတာဘဲ ဝမ်ရိပေါ်"