Eternal (Unicode)

432 30 13
                                    

'ဗိုလ်လေး၀မ် ခင်ဗျားနဲ့ကျွန်တော်တို့ရဲ့အိမ်လေ ဆောက်လို့ပြီးသွားလို့ ကျွန်တော်အိမ်တွင်းအလှဆင်ပစ္စည်းတွေထည့်ထားတယ်.. ဗိုလ်လေးရဲ့တပည့်တွေက ကျွန်တော့်ကိုအများကြီးဘဲကူညီပေးကြတယ်.. ကျွန်တော်ကရတယ်လို့ပြောပေမယ့် ဗိုလ်လေးက ကျွန်တော်လိုတာအကုန်လုပ်ပေးရမယ်လို့ပြောသွားတယ်တဲ့ ... ပြီးတော့ သူတို့တွေက ကျွန်တော်တို့မင်္ဂလာပွဲနဲ့အိမ်သစ်တက်ပွဲကိုတစ်ခါတည်းလုပ်ဖို့လည်းပြောနေကြတယ်.. ပါးပါးကလည်းအဲလိုဘဲပြောတယ်.. ဗိုလ်လေးရောဘယ်လိုသဘောရလဲ.. ဗိုလ်လေးမိဘတွေနဲ့သေချာပြန်ဆွေးနွှေးကြည့်ဦးနော်... ကျွန်တော်ကဒီဘက်ကအခြေအနေကိုဗိုလ်လေးသိအောင်ပြောပြပေးတာဘဲ.. ပိုင်လီနဲ့လူကြုံရှိတာတော်ပါသေးရဲ့.. ကြေးနန်းဆိုရင်ဒီလိုစာအများကြီးရေးလို့ရမှာမဟုတ်ဘူး... ဗိုလ်လေးတို့ဒီတစ်ခေါက်ခရီးကသိပ်မကြာဘူးပြောတယ်.. အဲဒီမှာရာသီဥတုဘယ်လိုလဲ ... ဒီမှာတော့ ဒီရက်ထဲမိုးတွေရွာတယ်.... ကျန်းမာရေးဂရုစိုက်နော် ဗိုလ်လေး ... ပိုင်လီက ဒီတစ်ခေါက်အပြန်ခရီးကျ ဗိုလ်လေးကတာ၀န်ကျတဲ့ဆီထိပြန်မလိုက်ဘဲ ကျွန်တော်တို့မြို့ကဘူတာမှာဆင်းမယ်ပြောတယ်.. တာ၀န်နဲ့၀တ္တရားကိုလည်းမပျက်ကွက်စေနဲ့ဦး..

ပြီးတော့ ကျွန်တော်ဗိုလ်လေးကိုအများကြီးလွမ်းနေပါတယ်..
အန္တရာယ်ကင်းတဲ့ရထားခရီးစဉ်လေးဖြစ်ပါစေ
ဗိုလ်လေးရဲ့ရှောင်း '

ပိုင်လီနဲ့လူကြုံထည့်ပေးလိုက်တဲ့ စာကိုဖတ်ပြီး ရိပေါ် ချုံချင့်မှာကျန်ခဲ့တဲ့ သူ့ရဲ့ရှောင်းကိုလွမ်းသွားသည်။

"ဗိုလ်လေးရဲ့ရှောင်းကဘာတဲ့လဲ?"
ပိုင်လီကသူ့အတွက်ရေနွေးကြမ်းတစ်ခွက်ယူလာပေးပြီးမေးသည်။

"အင်း.. ဟိုဟိုဒီဒီပါဘဲ ... မင်္ဂလာပွဲနဲ့အိမ်သစ်တက်ပွဲကိုတစ်ခါတည်းလုပ်ပါလားဆိုပြီးသူ့ကိုပြောနေကြလို့လှမ်းမေးတာ... "

"ဗိုလ်လေးမိဘတွေကိုရော တကယ်ဘဲအဆက်သွယ်မလုပ်တော့ဘူးလား?"

"ရှောင်းကိုရွေးခဲ့ပြီးသားလေ.. မားတို့မှာငါမရှိလည်း ငါ့အကိုနဲ့အမရှိတယ်.. ရှောင်းမှာကငါဘဲရှိတာလေ.. သူ့ပါးပါးက သူ့မင်္ဂလာပွဲပြီးရင် သာသနာပြုဖို့နယ်လှည့်သွားတော့မှာမလား.. ရှောင်းအတွက်ငါလိုအပ်သလို ငါကလည်းရှောင်းမရှိရင်မဖြစ်ဘူး"

Eternal (Completed)Where stories live. Discover now