အစားထိုးခံရတဲ့ ခံစားချက်ကို သိလား
မောင် က ကျွန်တော့်ကို သူမလို့ပဲ မြင်ပြီး
ချစ်ခဲ့တယ်စတော်ဘယ်ရီတွေ အစား ချောကလပ်တွေ
ဂျုလစ်ပန်းတွေ အစား နှင်းဆီပန်းတွေ
ခရမ်းနုရောင်တွေ အစား အညိုရောင်တွေ
ကိုကို ဆိုပြီးခေါ်ချင်ခဲ့တဲ့နာမ်စား အစား မောင်မောင် ဟာ ကျွန်တော့် ဘဝကို
သူမအတိုင်း ပုံသွင်းခဲ့တယ်.........................................................
ဆောနူ နေ့လည်စာစားရင်း နာရီကြည့်လိုက်မိတော့
သုံးနာရီတောင် ခွဲနေပြီပဲ
မောင် က သူချိန်းထားတာ နောက်ကျရင်
လုံးဝမကြိုက်ဘူး
မောင် အွင်းးး ကိုယ့်ထပ် နှစ်နှစ်ကြီးတဲ့
မောင် ကို မောင်လို့ ခေါ်ရတာ
စစချင်းမှာ စိမ်းနေပေမယ့်
အခုတော့ သူ နေသားကျနေပါပြီ
တကယ်တော့ ကိုကို လို့ခေါ်ချင်ခဲ့တာ
ဒါပေမယ့် မောင် က ရည်းစား စဖြစ်ဖြစ်ချင်း
နေ့မှာတင် သူ့ကို မောင်လို့ ခေါ်ပေးပါလား
လို့ တောင်းဆိုခဲ့တယ်
မောင် က သူ့ကို ပြန်ခေါ်တဲ့ နံမည်လေးကို
သူသိပ်ကြိုက်တာပဲ အဆော တဲ့မောင်နဲ့ ချစ်သူသက်တမ်း ၁ နှစ်ပြည့်ခါနီးမှာ
လက်ထပ်ခဲ့ကြတယ်
သူငယ်ချင်းတွေကတော့ မေးကြတယ်
မစောလွန်းဘူးလား တဲ့
ကျွန်တော်လည်းစောတယ်လို့ ထင်ပေမယ့်
မောင်က အချစ်မှာ အချိန်တွေဘာတွေ
အရေးမကြီးပါဘူးတဲ့
ကိုယ်ကမင်းကို မဆုံးရှုံးချင်လို့ ပါ ဆိုပြီး
အပြတ်အသတ်ကို ချုပ်ခဲ့တာ
အခုဆို မောင်နဲ့ လက်ထပ်ပြီးတာ နှစ်နှစ်ရှိပြီ
အိမ်ထောင်ရေးကလေ ပန်းခင်းလမ်းထက်တောင်
ဖြောင့်ဖြူးနေသေးတယ်
မောင် က လည်း သူ့ကိုချစ်လိုက်တုန်နေတာပဲ
အလိုလည်း အရမ်းလိုက်တယ်မောင့်အကြောင်းကို တွေးရင်း
ရှက်သွေးဖျာလာတာမို့
အတွေးတို့အား ရပ်ကာ
ရေချိုး ဖို့ ပြင်လိုက်သည်။ဆောနူ မှန်တင်ခုံရှေ့တွေ ထိုင်ရင်း
အိမ်ရှေ့မှ ကားသံကြားတာကြောင့်
မောင် သူ့ကို လာကြိုတယ် ဆိုတာ
သိလိုက်ပြီ
ဒီနေ့က anniversary နေ့ လေ
အဲ့ဒါကြောင့် မောင် က အလုပ်ကနေ
နေ့တဝက်ပြန်လာပြီး
စားသောက်ဆိုင်သွားမယ် ဆိုလို့
ကျွန်တော်ပြင်ဆင်နေခြင်းပင်
YOU ARE READING
Do you get Deja vu ?
Fanfictionမောင် က ကျွန်တော့်ကို ပုံဖော်ခဲ့တယ် သူမ တုန်းက အတိုင်း