ဆောင်းဟွန်း
ကားရဲ့ ရေဒီယိုမှလာတဲ့သီချင်းအား
ဆိုကာ အိမ်ကို ပြန်လာခဲ့တယ်
ဟိုနေ့က ချောကလပ်ကိတ်ကြောင့်
အဆော စိတ်မကောင်းတာတွေ့တော့
ကျွန်တော်မနေနိုင်
အဆောကြိုက်တဲ့ စတော်ဘယ်ရီ ကိတ်လေးအား
လမ်းမှာ ဝင်ဝယ်ခဲ့တယ်
အိမ်ပြန်ရောက်လို့ သူဝယ်လာတဲ့
ကိတ်လေးတွေ့ရင် ပျော်သွားမယ့်
အဆော ရဲ့ မျက်နှာလေးအား
ပုံဖော်ကာ ကြည့်နူးနေရသေးတယ်" အဆော မောင်ပြန်လာပြီ "
" ခွမ်းးးး "
ကျွန်တော် ဝင်လာတာတဲ့
ကျွန်တော့်ဘေးက နံရံကိုလာစင်တဲ့
ပန်းအိုးငယ်
ဘယ်သူလုပ်တာလဲ လှမ်းကြည့်လိုက်တော့
ဆိုဖာပေါ်မှာ ခရမ်းနုရောင်
အကျီကို ဝတ်ကာ
ထိုင်နေတဲ့ အဆော
ဂျုလစ်ပန်းငယ်ရဲ့
အပွင့်တွေကို တအိမ်လုံး ပြန့်ကြဲထားတဲ့
အနေအထားတစ်ခုမှာ
ဘာတွေ ဖြစ်နေတာလဲ ဆိုတော
သူမသိတော့ဘူးနာကျည်းနေတဲ့ မျက်ဝန်းတွေ နဲ့
ကြည့်လာတဲ့ အဆောမျက်ဝန်းတွေကို
သူမခံစားနိုင်ပါ" အဆော ဘာတြွေဖစ်နေတာလဲ "
" မကြားချင်ဘူး!!!!!
အဆောလို့ မခေါ်နဲ့ မကြားချင်ဘူး!!
မောင်ဆိုတာတွေကော အဆော ဆိုတာကော !!"ဆောနူ နားနှစ်ဖက်ကို ပိတ်ကာ
အော်နေတဲ့ အဆော ခန္ဓာကိုယ်လေးကို
သွားထိန်းဖို့ လုပ်တော့" မလာနဲ့ ပတ်ဆောင်းဟွန်း
ငါ့နားကိုမလာနဲ့ မင်းခြေတစ်လှမ်းတိုးတာနဲ့
ငါ ငါ့ကို ငါ သတ်သေပစ်မှာ "ဖောင်းအစ်နေတဲ့ မျက်လုံးတွေကို
ကြည့်ကာ ဆောင်းဟွန်းအနားကို
သွားချင်ပေမယ့် မသွားရဲ
တကယ် ဆောနူ ကို နားမလည်နိုင်တော့ပါ
မနက်ထိ အကောင်းရှိသေးတယ်
အိမ်ပြန်ရောက် ဒီလိုပုံစံနဲ့" ဘာတြွေဖစ်နေတာလဲ ကလေးရယ်
မောင့်ကိုပြောကလေး ငိုနေတာ မကြည့်ရက်ဘူး
လို့ မောင်တန်တန်ပြောထားတယ်လေ
ဒီမှာကြည့်ပါဦး စတော်ဘယ်ရီ ကိတ်လေ
ကလေး စားချင်တယ် ဆိုလို့ ဝယ်လာတာလေ "" အီဆောနာ "
ကလေး သိသွားပြီ
သူ့ဘဝရဲ့ ထာဝရအနေနဲ့ လျှို့ဝှက်ထားချင်ခဲ့တဲ့
အကြောင်းတွေ ကလေးသိသွားပြီ
မဟုတ်ဘူးနော် ကလေးထင်သလိုတစ်ခုမှ
မဟုတ်ဘူး
YOU ARE READING
Do you get Deja vu ?
Fanfictionမောင် က ကျွန်တော့်ကို ပုံဖော်ခဲ့တယ် သူမ တုန်းက အတိုင်း