Part-(30)

12.7K 715 55
                                    

Unicode //

"မောင်တို့လက်ထပ်ကြရအောင်!"

နောက်ကျောမှနေ၍ ခါးကိုသိုင်းဖက်လာသော မောင့်လက်ချောင်းများမှ သူရရှိတဲ့ထိုအသိ။ ဆူး မောင့်ကိုလက်မထပ်ချင်ပါ။ ထိုအရာကအကြောင်းပြချက်ရယ်မရှိခဲ့ပါ။

"ဟင့်အင်း ငါမောင့်ကိုဘယ်တော့မှလက်မထပ်ဘူး။"

ဆူးစကားကိုဂရုမစိုက်ဘဲ မောင်က ခါးကိုတင်းသထက်တင်းစွာ ဖက်တွယ်လာရင်း လည်ပင်းများကိုနမ်းရှုပ်​လာပါသည်။

"ဆူးအဲ့သလိုပြောလို့ မောင်ကမုန်းမယ်ထင်နေသလား။ ဟင့်အင်း.. ဆူးတစ်ခါမုန်းတယ်ပြောတိုင်း မောင်ကတစ်ခါပိုတိုးချစ်မှာ"

ဆူးလက်ဖဝါးပေါ်ကို အုပ်မိုးဆုပ်ကိုင်လာသော မောင့်လက်ချောင်းများ။ တစ်သက်လုံးဆုပ်ကိုင်ထားချင်သလို တစ်သက်လုံးလွှတ်ချထားချင်သောအရာလည်း ဖြစ်သည်။

"ငါ မောင့်ကိုမုန်းတယ်၊ မုန်းချင်တယ်၊
မုန်းခွင့်ပြုပေး မောင်!"

နောက်ကျောဘက်မှသိုင်းဖက်ထားရင်းဖြင့် မောင်ကခေါင်းခါပြနေတာကို ဆူးသိသည်။

"မုန်းပါ... ဆူးမုန်းရင်လည်း မောင်ကတော့ဆက်ချစ်နေဦးမှာ။"

ဆူး မောင့်လက်တွေအောက်ကနေ ငြင်းဆန် ရုန်းခွာကာ နားနှစ်ဖက်လုံးကို လက်နဲ့ပိတ်ထားလိုက်မိသည်။ မောင်နှင့်ဝေးရာအရပ်ကို ဆူးပိုသွားမိ၏။ ဆေးလက်စ ဘေစင်ထဲက ပန်းကန်တွေကို ဆူးဂရုမစိုက်နိုင်တော့ပါ။

"တော်တော့! တော်ပါတော့... ထန်ဦးခိုက်စေ ငါမင်းကို မုန်းချင်တယ်။"

လက်နှစ်ဖက်ဖြင့် နားတွေကိုအစွမ်းကုန်ပိတ်ထားလိုက်ရင်း ဆူးအော်ဟစ်လိုက်သည်။

"အကြောင်းပြချက်တော့မရှိဘူး။ ငါမင်းကိုမုန်းချင်တယ်၊ ငါ့ဘဝကိုဖျတ်ဆီးခဲ့တဲ့လူကို ငါက ဘာလို့ ချစ်မိခဲ့ရတာလဲ။"

ရှုိက်ခါသံတွေနဲ့တုန်ရီစွာ ဆူးအော်ဟစ်ငိုယိုခဲ့မိသည်။ ဒီမျက်ရည်တွေကို မြင်ခွင့်ရှိတာက အဲ့ဒီယောက်ျားတစ်ယောက်တည်းပါပဲ။

*နောက် ငါ့မျက်ရည်တွေကို မင်းဘယ်တော့မှ မြင်ခွင့်မရှိတော့ဘူး မောင်။

POISONOUS DARLINGDonde viven las historias. Descúbrelo ahora