ထာဝရ မင်းနဲ့ငါ🐬🐻(unicode)

178 11 4
                                    

ငါမင်းအပေါ်ကို စိတ်ဆိုးစိတ်ကောက်တွေ လုပ်လွန်းလို့ ငါ့ကိုစိတ်ကုန်မသွားပါနဲ့ Tae
ငါဆိုတဲ့ကောင်က မင်းသည်းခံမှန်းသိ အလိုလိုက်လွန်းလို့ မင်းအပေါ်ကို ဆိုးနွှဲ့မိတာပါ
ပြီးတော့ မင်းကို သူငယ်ချင်းထက်ပိုတဲ့သံယောဇဉ်တွေ ငါ့မှာ ဖြစ်တည်နေပီ Tae ငါဖွင့်မပြောလဲ မင်းသိပါစေ Tae ငါမင်းကို အရမ်းချစ်တယ်

ဒီနေ့နဲ့ဆို Taytawanဆိုတဲ့လူဆိုးကောင်ကို စိတ်ဆိုးနေတာ သုံးရက်ရှိပီ

ဘာလို့စိတ်ဆိုးနေလဲလို့မေးရင် ကျွန်တော့်မွေးနေ့ရောက်တော့မှာ သိရက်ကြီးနဲ့ကို ခရီးထွက်မလို့တဲ့လေ။

ငါ့မွေးနေ့မှာ မင်းမရှိနေပေး‌နိုင်ဘူးလားလို့မေးတော့ တောင်းပန်ပါတယ်Hinရယ်တဲ့ လက်ဆောင်တွေ အများကြီးဝယ်ခဲ့ပါ့မယ်တဲ့။

တကယ်ဆို ကျွန်တော်လိုချင်တာ သူ့ဆီကရမဲ့လက်ဆောင်တွေမဟုတ်ဘူး ကျွန်တော့်မွေးနေ့မှာ သူ့ကိုဘေးနားမှာရှိစေချင်တာ အဲ့တာကို အဲ့မကောင်းဆိုးဝါးကောင်က နားမလည်ဘူး။

စိတ်ဆိုးနေတာကို လာမချော့တဲ့အပြင် ဖုန်းတောင်မဆက်ဘူး လူကိုဝမ်းနည်းအောင်လုပ်နေတာ

ဘယ်လိုလုပ် ချော့ပါ့မလဲ သူနဲ့ကျွန်တော်က ရည်းစားတွေမှ မဟုတ်တာ သူငယ်ချင်းတွေလေ

ဟူးးးး ကျွန်တော်ကသာ ချစ်နေရတာ သူကတော့ ကျွန်တော့်ကို......

တော်ပီ အဲ့ကောင်အကြောင်းတွေ မတွေးတော့ဘူး အချိုပွဲလေးဘဲစားပီး ဇာတ်ကားဘဲ ကြည့်တော့မယ် ဟွန့်..

အယ်..ငါ့ကို ဂရုမစိုက်တဲ့ကောင်ကို ရွဲ့ရမယ် ဟွန့် အချိုပွဲလေးကို igကို တင်ပစ်မယ်

Cap-"Sweet Revenge อาหารที่หวานเกินกว่าจะกิน😋💙"(ချိုမြိန်လွန်းတဲ့ ကလဲ့စားချေသော အစားအသောက်)

Newလဲigမှာတင်ပီး ဖုန်းလေးကိုပိတ်ပလိုက်သည်

‌မကြာခင် သူ့ဆီnotiတေတက်တော့မှာလေ ဒါမှမဟုတ်ဖုန်းခေါ်ပီး အဖွားကြီးတွေလို ပွစိပွစိ လာပြောတော့မှာလေ အဟက်..

ကတောင် ကတောင်....

တီ..တီ....

"ဟလို အမိန့်ရှိပါ New Thitipoomပြောနေပါတယ်"

ထာဝရ မင်းနဲ့ငါ🐬🐻Where stories live. Discover now