သေချာပေါက် သေချာပေါက် ငါက ဒီတစ်ခုကိုတော့ တောင်းဆိုခဲ့တယ်မလား။
ဒီအဖြစ်အပျက်တွေ မတိုင်ခင်ကတော့ သူနဲ့ ငါက အတန်းတစ်တန်းထဲက သာမန်သိတဲ့ သူငယ်ချင်း နှစ်ယောက် သက်သက်ပါဘဲ။
တူညီတဲ့ ကံကြမ္မာတစ်ခုကို ကြုံတွေ့ဖို့ မရှောင်လွှဲနိုင်ဘူးဆိုတောင်
အဲ့နေ့ကသာ တစ်စားပွဲထဲ ပေါင်းမထိုင်ဖြစ်လိုက်ရင် ဒီကိစ္စကြီးကို လူတွေသိသွားမှာကို အခုလောက်ထိ ကြောက်လန့်နေရမှာမဟုတ်လောက်ဘူး။အဲ့နေ့ကသာ သူ့ကိုစပြီး မပြုံးပြလိုက်ဘူးဆိုရင်
အဲ့နေ့ကသာ တစ်စားပွဲတည်း ပေါင်းထိုင်ဖို့ လက်မခံလိုက်ဘူးဆိုရင်ဒီအခြေအနေတွေထိ ရောက်လာပါ့မလား။
ခေါက်ဆွဲထဲက အသားဖတ်ကို သူမ ပန်းကန်ထဲ အလိုက်တသိထည့်ပေးတော့ ပြုံးပြမိရင်း ကျေးဇူးဟု တိုးဖွဖွဆိုမိတော့ သူက အသဲယားစွာ ဆံပင်ကိုလာဖွတယ်။
သူထည့်ပေးတဲ့ အသားဖတ်ကို ဝါးနေရင်းနဲ့ ဆိုင်ပေါက်၀ကို အမှတ်မထင်ကြည့်မိတော့ တွေ့ရတဲ့ မိန်းကလေးဟာ သူမ နဲ့တစ်တန်းထဲက မိန်းကလေး။
မျက်လုံးချင်းဆုံသွားသဖြင့် ပြုံးပြမိတော့ သူက ပြန်ပြုံးပြသည်။
သူ့နောက်က ပါလာတဲ့ ယောက်ျားသားဟာ သူ့ပုခုံးပေါ် လက်တင်တော့မှ သူဟာ မင်ဂျောင်းဆီကနေ အကြည့်လွှဲသွားသည်။"ဟိုလေ နှစ်ယောက်က သိကြတယ်ထင်တယ်။လူကြပ်နေလို့ တစ်ဝိုင်းတည်းထိုင်လို့ ရမလား"
ဆိုင်ရှင် အဒေါ်ကြီးဟာ ၀င်ပြောလာတော့ သူမတို့နှစ်ယောက် ဒုတိယအကြိမ် ထပ် အကြည့်ဆုံမိသည်။
ယူဂျီမင်း။
သူငယ်တန်းကတည်းက အထက်တန်းအထိ တစ်တန်းတည်း အမြဲ ကျခဲ့ပေမယ့် တစ်နှစ်နေလို့ စကားငါးခွန်းတစ်ယောက်နဲ့တစ်ယောက် ပြည့်အောင် မပြောဖူးတဲ့ မင်ဂျောင်းရဲ့ အတန်းဖော်။
တက္ကသိုလ်မှာလည်း မေဂျာတူသဖြင့် တစ်သက်လုံး သူနဲ့တွေ့ရသည့်အချိန်ကာလက အတော်များပေမယ့် မရင်းနှီးကြတဲ့သူမတို့နှစ်ယောက်။"မင်ဂျောင်း သူငယ်ချင်းလား"
မင်ဂျောင်းရဲ့ ရည်းစားဖြစ်သူက ယူဂျီမင်းကို သူမ သူငယ်ချင်းဟု မသိသည်မှာမဆန်းပါ။ တကယ်လည်း သူငယ်ချင်း မဟုတ်တာမို့။