"ဂျီမင်း အဆင်ပြေရဲ့လား နေများမကောင်းလို့လား"ကားမောင်းနေရင်းနဲ့လက်တစ်ဖက်က ဂျီမင်း နဖူးပေါ်ရောက်လာတော့ အသာ ရှောင်မိသည်။
"မနက်စောစော ထလာရလို့ပါ အဆင်ပြေတယ်"
အဖြေတစ်ခုပေးရင်း ကားနောက်ခန်းထဲက မင်ဂျောင်းကို စောင်းကြည့်တော့ဟျော့ ပုခုံးပေါ် ခေါင်းမှီထားရင်း သူမကို ကြည့်နေသည်။
မျက်လုံးချင်းဆုံသွားတော့ သူက အသံတိတ် အဆင်ပြေရဲ့လားဆိုပြီးမေးတော့ ခေါင်းညိတ်ပြလိုက်သည်။တစ်နာရီ ကျော်ကျော်လောက် မောင်းအပြီးမှာ နေချင်စဖွယ် အပန်းဖြအိမ်တစ်လုံးက သူမတို့ကို စောင့်ကြိုနေလေရဲ့။
"ကြက်တောင် ပါလာတယ်မလား မင်ဂျောင်း။ ငါတို့ ရိုက်ကြမယ်လေ"
ကားပေါ်က ဆင်းဆင်းချင်း ပစ္စည်းတွေ ထုတ်ဖို့ပြင်နေတဲ့ မင်ဂျောင်းနောက်လိုက်ကာ အထုပ်တစ်ချို့ကို ကားပေါ်က ချရင်း မေးတော့ သူက ကြက်တောင်ထည့်ထားသည့် အိတ်ကို ထုတ်ပြလာသည်။
"နင်နားပြီးမှပေါ့ တကယ်နေကောင်းတာရော ဟုတ်ရဲ့လား ယူဂျီရယ်"
နဖူးပေါ်က လက်ဖဝါးတစ်ဖက်ရဲ့ အထိအတွေ့ရောက်လာတော့ မျက်လုံးလေးမှိတ်ကာ ငြိမ်နေမိသည်။
"ကံကောင်းစွာနဲ့ မဖျားဘူးဘဲ အထုပ်သယ်ခဲ့တော့ ဒါဆို"
ရှေ့ကနေ ပစ္စည်းတွေ သယ်ပြီး ထွက်သွားတဲ့ မင်ဂျောင်းနောက်
အထုတ်သယ်ကာ လိုက်သွားရပြန်တော့သည်။-
"တော်ပြီ ခဏ ရပ် ယူဂျီမင်း!!"
အဆမတန်မောဟိုက်နေပေမယ့် မင်ဂျောင်းလက်ကျန်အားအကုန်ကို ထုတ်သုံးကာ အော်လိုက်တော့ မလှမ်းမကမ်းက ယူဂျီမင်းဟာ ပြေးနေရာမှ ရပ်ကာ သူမနားကိုပြန်လျှောက်လာသည်။
"နင်ဘာဖြစ်နေတာလဲ ယူဂျီ"
"ငါဘာဖြစ်လို့လဲ။ တစ်ပတ်လောက်ဘဲ ထပ်ပြေးရအောင်ပါ မင်ဂျောင်းရ"
"နင်ဒီလိုလုပ်နေတာကိုက မူမှန်မနေတာ ယူဂျီမင်း"
သူမလက်ကို လာကိုင်တဲ့ သူ့လက်ကို ဖြုတ်ချရင်း အော်တော့ သူဟာ ခေတ္တရပ်တန့်သွားသည်။
ယူဂျီမင်း မူမှန်မနေတာ သူမ သိတယ်။
ဒီရောက်ကတည်းက မင်ဂျောင်နားက တစ်ဖဝါးမှ မခွာဘဲ လိုက်ကပ်နေတာ ထူးဆန်းတာမဟုတ်ပေမယ့် ဟျော့နဲ့ အကိုဂျီဆော့ ရှိရာဘက်ကို ရှောင်ပြီး အလုပ်မဟုတ်တာတွေချည်း လုပ်နေတာ။