Episode 1

443 43 2
                                    

ချစ်ခြင်းဖြင့် နှောင်ဖွဲ့အပ်သော...

-
-
-

''ဆူး...မျက်နှာမကောင်းပါလားကွယ်"

တစ်ယောက်နဲ့တစ်ယောက် ကာလများစွာ အလွတ်ကျက်မှတ်ထားပြီး သား စိတ်တွေမို့ ဆူး ဘယ်လိုခံစားနေရတယ်ဆိုတာကို Haein သိနေပေမဲ့ သူ မနေနိုင်တော့လို့ မေးလိုက်တာကို ဆူး သိလိုက်ပါတယ်။

“နှမြောလို့ပါ” လက်ထဲက ပစ္စည်းလေးကို တယုတယ ကိုင်တွယ်ရင်းက သူ့ကို ကြည့် လို့ လှမ်းပြောလိုက်တယ်။

"ဆူး မနှမြောတတ်တာ ကိုယ်သိပါတယ်ကွာ"

"မနှမြောတက်ပေမဲ့ ဒါလေးကိုတော့ နှမြောမိလို့ပါ"

"အင်း...အတော်ဆိုးသွားလို့လား။ ကိုယ် နောက်တစ်ခု ပြန်ရှာဝယ်ပေးပါ့မယ်ကွာ"

ဆူးရဲ့ မျက်စောင်းဝင့်ဝင့်က သူ့ဆီ ရောက်သွားတယ်။

“မဖြစ်နိုင်တာ ပြောနေပြန်ပြီ။ တကယ် တစ်ထပ်တည်းကျတာ ရှာဝယ် ပေးနိုင်လို့လား"

"တစ်ထပ်တည်းတော့ ဘယ်ဟုတ်ပါ့မလဲကွာ။ အနီးစပ်ဆုံး ရှာကြည့် ပေးရမှာပေါ့”

ကျေနပ်တဲ့ အရိပ်အယောင်လေးဆူးမျက်နှာပေါ် ဖြတ်ပြေးသွားတာ တွေ့လိုက်ရမှ သူ နေသာသလို ရှိသွားပုံရတယ်။

"ဆူး..ကတော့ အစားထိုး ဝယ်ပေးလို့ ရမယ်ဆိုလည်း မလိုချင်တော့ ပါဘူး၊ ဘယ်လိုမှ ထပ်တူညီတာ ရနိုင်တာမျိုးမှ မဟုတ်တာ"

-
အင်းလေ ...ဒါလဲ ဟုတ်ပါတယ် "ဘယ်လောက်ဘဲတူတာလေးပဲ ရစေဦး တော့၊ မျက်စိနဲ့ မမြင်ရတဲ့ အရာတွေလည်း ပါဝင်နေတာဆိုတော့ ဆူး နှမြောမယ်ဆို နှမြောလောက်ပါတယ်"
(Haeinကပြီးခဲ့တဲ့နှစ်တွေကိုသတိရသယောင်"စိတ်ထဲမှာထိုစကားကိုရေရွတ်လိုက်တယ်)

"နှမြောတာလဲ နှမြောပေါ့ကွာ၊ ဒါပေမဲ့ နေမကောင်းဖြစ်လောက်အောင် နှမြောရတယ်လို့၊ တကယ့်စံပဲ"

"အင်းပါ...

"ဒါဆို ဆူး..ကိုအလုပ်သွားတော့မယ်
ဝမ်းနည်းမနေနဲ့အုံးနော် ကိုရုံးအပြန်ကျရင် တစ်ထပ်တည်းကျတဲ့ရင်ထိုးလေး အတတ်နိုင်ဆုံးရှာခဲ့ပါ့မယ်"

Bonded By LoveWhere stories live. Discover now