-🍁-
သူေလးနဲ့ စကား စပြောဖြစ်တာကလည်း ရုပ်ရှင်ဆန်ဆန်ပဲ။ ဆူးရှိတဲ့ နေရာရဲ့ မလှမ်းမကမ်းမှာ သူမက အမြဲလိုလို ရှိနေတတ်တယ်။ သူမက ကျောင်းဆင်း ကျောင်းတက် ဆူးအနောက်ကနေ ဘာဆိုဘာမှ အနှောင့်အယှက်မပေးဘဲ တကောက်ကောက် အရိပ်လို လိုက်နေခဲ့တာ၊
ဒီလိုနဲ့ စကားပြောဖို့၊ မိတ်ဆွေဖွဲ့ဖို့ အားမထုတ်ဘဲ သူမ နေလာလိုက်တာ နှစ်လနီးပါး ရှိလာတယ်။မိန်းကေလးအချင်းချင်းမို့ ဆူး ငြင်းလိုက်မှာဆိုးတာလားမသိေပမယ့် သူမ ဒီလို နေနေတာကိုက ဆူး စိတ်ကို ခိုးလိုးခုလု ဖြစ်စေတယ်။
တစ်ရက် ၊ သူ့ကို ဆူးကိုယ်တိုင်က စကား စပြောဖြစ်ဖို့ အခြေအနေ ဖြစ်လာခဲ့တယ်။ ကျူတိုရီရယ်အပြီး သူငယ်ချင်းတွေနဲ့ လမ်းခွဲလို့ ကျောင်းရှေ့ ကားမှတ်တိုင်မှာ ဘတ်စ်ကားကို ထားတစ်ယောက်တည်း စောင့်နေခဲ့တယ်။
မှတ်တိုင်မှာ ကားစောင့်နေတုန်း အရက်နံ့တွေ တထောင်းထောင်းထ နေတဲ့ လူနှစ်ယောက်၊ ဆူး ရဲ့နံဘေးကို ရောက်လာပြီး ရိသဲ့သဲ့တွေ လာပြောနေကြတယ်။ ပုံမှန်ဆို မကြောက်တတ်ပေမဲ့ သူတို့ဆီက အရက်နံ့ ရလိုက်တာရယ်၊ ကားမှတ်တိုင်မှာ လူတွေ များနေတာရယ်ကြောင့် နည်းနည်း လန့်သွားသလို၊ အရှေ့ မျက်နှာချင်းဆိုင် ကနေ ဆူး တို့ဘက်ကို ကားလမ်းကူးလာတဲ့ သူမကို တွေ့လိုက်ချိန်မှာ၊ အားကိုးရာ ရသွားသလို ဟန်မဆောင်နိုင်တော့ဘဲ သူမကို လှမ်းခေါ်လိုက်မိ တယ်။ အပြုံးမျက်နှာနဲ့ သူမ အနားရောက်လာချိန်၊ အရက်သမားနှစ်ယောက်က boyish typeနဲ့လီလီ ကိုမြင်တော့ မယောင်မလည်နဲ့ ခပ်လှမ်းလှမ်းကို ခွာသွားတယ်။
ဆူး နဲ့ မျက်နှာချင်းဆိုင် နေရာလွတ်မှာ သူမကို လာထိုင်ဖို့ ပြောတယ်။ သူမ က မထိုင်ဘဲ ခုံနှစ်ခုရဲ့ နောက်မှီပေါ် လက်နှစ်ဖက် ခွတင် ရပ်ရင်း
တကယ်ဆို ဆူး ကရေလာမြောင်းပေးလုပ်နေတာကို သူမနဲနဲလေးတော့သတိထားမိရမယ်မဟူတ်လား
'လီလီ ကအရမ်းတုံးတာဘဲ'လို့တစ်ယောက်ထဲစိတ်ထဲမှာရေရွတ်လိုက်တယ်
သူမက 'တစ်ယောက်တည်း ချောင်ချောင်ချိချိ ထိုင်လေလို့ ပြောတယ်။ အရက်သမား နှစ်ယောက်က နောက်ဆုံးခုံတန်းမှာ နေရာယူလျှက်ကနေ သူမ ကို မကြည်ရှိုး နဲ့ လှမ်းကြည့်နေတယ်။

YOU ARE READING
Bonded By Love
Fiksi Penggemarနေကြာနှစ်ပွင့်🌻² ပြိုင်တူ____မျက်နှာမူမိတော့ အချစ်ခံရဖို့____ထိုက်တန်ကြောင်း အချင်းချင်း___သဘောပေါက်မိတယ်___။ -𝘮𝘺𝘶𝘦.𝘩𝘴𝘦𝘪- January 2022*.✧