(Zawgyi)
တင့်တယ် အသိစိတ်ဝင်တစ်ချက်မဝင်တစ်ချက်အခြေအနေမှာကြားနေရတာက Ambulance Car သံ
သူ သေရတော့မှာလား
ဘာလို့လဲ သူကအခုမှ ဖလန်းဖလန်းထလို့ကောင်းတဲ့အရွယ်လေးပဲရှိသေးတာ
မသေချင်သေးဘူးလေဒီနေ့ လရိပ်နဲ့သူ ခါတိုင်းနေ့တွေလိုပဲ studio ကနေ အိမ်ကိုပြန်လာတာ
လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးကတင် သူတို့နှစ်ယောက် မနက်ဖြန်ခရီးထွက်မဲ့ကိစ္စကို ပျော်ပျော်ရွှင်ရွှင်နဲ့တိုင်ပင်နေကြတာ
ဘယ်လိုခွေးမသားက သူတို့ကိုဝင်တိုက်သွားတာလဲ
အခု သူတို့နှစ်ယောက် သေရတော့မလားမသိ"ဒီ ဖေ...."
တင့်တယ် ဒေါသတကြီးဆဲရေးဖို့လုပ်လိုက်ပေမဲ့လဲ အသံကလည်ချောင်းထဲကနေထွက်မလာတဲ့အပြင် သူအမြင်တွေကတောင်တဖြည်းဖြည်းမှောင်မိုက်ဝေဝါးလာခဲ့တယ်
[အား!!.....သတိမမေ့နဲ့ ငါမသေချင်သေးဘူး....ငါမသေချင်ဘူး]
တင့်တယ် စိတ်ထဲကနေ အသားကုန်ဟစ်အော်လိုက်သည်။....သို့သော်
"မသေချင်သေးဘူး......မသေချင်သေးဘူး"
"ဟမ်"
တင့်တယ် မှင်တက်သွား၏။
ခုနက သူဘယ်လောက်အော်အော် သူ့အသံကမထွက်လာဘူးလေ
အခု သူ သူ့အသံကိုကြားလိုက်သလိုပဲရော်"အာ အာ အာ"
တင့်တယ် ပါးစပ်ဟပြီး အသံပြုကြည့်၏။
သေချာပါတယ်....ဒါသူ့ပါးစပ်ထဲကထွက်လာတဲ့အသံပဲ
ဒါပေမဲ့ နည်းနည်းလေးသူ့နဂိုအသံနဲ့မတူသလိုလိုတင့်တယ် ယောင်ဝါးဝါးနဲ့မျက်စိဖွင့်ကြည့်မိတော့ သူ့အမြင်တစ်ခုလုံးကိုသိမ်းပိုက်သွားတာက ပန်းရောင်ဖြာပတ်ဝန်းကျင်တစ်ခု
ပန်းရောင် မျက်နှာကျက် ၊ ပန်းရောင်နံရံ ၊ ပန်းရောင်မှန်တင်ခုံ၊ပန်းရောင် ဗီရို၊ပန်းရောင်လိုက်ကာ"F**k ပန်းရောင်လွင်ပြင်ကြီးလားဟ"
တင့်တယ် တအံ့တသြပြောလိုက်ပြီး လဲလှောင်းနေရာက ထဖို့ကြိုးစားတော့ လူကအနည်းငယ်မူးနောက်နောက်ဖြစ်သွားသည်။
သူ ဘယ်ရောက်နေတာလဲ
သူ car accident ဖြစ်သွားတာလေ
အခု သူလှဲနေတဲ့ ဒီ မင်းသမီးလေးလိုအိပ်ခန်းက ဘယ်သူ့အိပ်ခန်းလဲ
တစ်ယောက်ယောက်က သူ့ကိုကယ်လာတာလား