(Zawgyi)
တင့်တယ် သတိရလာတော့ သူက သူစိမ်းတစ်ယောက်ရဲ့အိပ်ယာပေါ်မှာ
ဘယ်ဆီရောက်နေလဲဆိုတာအသာထား ပန်းချီအတန်းမှာသူဘာတွေဖြစ်ခဲ့လဲဆိုတာနားလည်နိုင်ဖို့အတွက် ဦးနှောက်ကိုအရင်တာဝန်ပေးလိုက်သည်။
နာရီဝက်ထက်မနည်းအချိန်ယူစဉ်းစားတာတောင် တင့်တယ် တစ်ယောက် သူဘာတွေဖြစ်သွားလဲဆိုတာ အခုထိလုံးဝကိုနားမလည်နိုင်ဖြစ်နေရသည်။စိတ်ရှုပ်ထွေးစွာ ဆံပင်ကိုထိုးဆွလိုက်ပြီး ကုတင်ဘေးစားပွဲပေါ်ကရေခွက်ကိုဆတ်ခနဲကောက်မော့ပစ်တော့ အေးမြတဲ့ရေက လည်ချောင်းကနေဖြတ်ကျော်သွားပြီး တင့်တယ် နေရတာ နည်းနည်းအဆင်ပြေသလိုရှိလာ၏။ဒီတော့မှ ဟိုဟိုဒီဒီလိုက်ကြည့်ရင်း ပတ်ဝန်းကျင်ကိုလေ့လာဖို့သတိရသည်။
သူရှိနေတဲ့အခန်းထဲက ပစ္စည်းမှန်သမျှကတန်ဖိုးကြီးအသုံးအဆောင်တွေကြီးပဲ
သေချာပေါက်ကို ဘောစိတွေပဲနေနိုင်တဲ့နေရာမျိုးလိုတင့်တယ် အခန်းတစ်ခုလုံးကို စူးစမ်းကြည့်ပြီးနောက် ခေါင်းတညိတ်ညိတ်နဲ့သာမှတ်ချက်ပေးနေမိတော့၏။
ထိပ်တန်းကိုမှ ထိပ်တန်းပဲ"ဘာတွေဒီလောက် ခေါင်းတညိတ်ညိတ်ဖြစ်နေတာလဲ"
တင့်တယ် ဘယ်လောက်တောင် အတွေးထဲမှာမျောနေမိလဲမသိ
လူတစ်ယောက်လုံးတံခါးဖွင့်ပြီးဝင်လာတာတောင် သူ့မှာတကယ်ကိုမကြားမိလိုက်ဘူး"ခင်ဗျားက ကျွန်တော့်ကို ကူညီပေးခဲ့တာလား"
တင့်တယ် ပြောလဲပြော ခေါင်းလဲအမော့မှာ
သူ့ကမ္ဘာကြီးတစ်ခုလုံး စက္ကန့်အတော်ကြာတဲ့အထိရပ်တန့်သွားလေတော့သည်။ဘာပါလိမ့်
သူ့ရှေ့ကအလင်းတွေဖြာထွက်နေသလိုမျိုးချောမောတဲ့မျက်နှာနဲ့နတ်သားလေးကဘယ်သူပါလိမ့်"ဒုတ် ဒုတ် ဒုတ်"
ဒီခုန်သံ ဒီခုန်သံက သူ့ရင်ဘတ်ထဲကထွက်လာတာပဲ
တင့်တယ် မှာ အသက်ရှုဖို့ပါမေ့လျော့သွားတဲ့အထိ သူ့ရှေ့က လူသားနတ်ဘုရားလေးကိုသာတစိုက်မတ်မတ်စိုက်ကြည့်နေမိသည်။
ကြိုက်လိုက်တာ သူ့ကိုချစ်သူတော်ချင်တယ်...
သူ့ အိမ်မက်ထဲကချစ်သူလောင်းက ဒီလိုချောမောခန့်ညားတဲ့ကောင်လေးမျိုးလေ