Chapter 2(Z+U)

146 42 6
                                    

(Zawgyi)

"အဖေကြီးရေ လုပ်ပါအုံး အငယ်လေးတွေအနိုင်ကျင့်ခံနေရတယ်"

စိုးရိမ်တကြီးဖြစ်နေသည့် ဇနီးကြောင့် ဦးဂုဏ်မာန် လုပ်လက်စအလုပ်တွေရပ်ပြီး ဇနီးဖြစ်သူကိုမော့ကြည့်လိုက်သည်။

"ဘယ်လိုတွေဖြစ်ရတာတုန်း"

"အငယ်လေးတွေ ဟိုကိစ္စဖြစ်ပြီးထဲက ကျွန်မ မှာစိတ်မချနိုင်တော့ဘူးလေ အဲ့တာ သူတို့ကိုစောင့်ကြည့်ဖို့လူလွှတ်ထားတာ"

ဦးဂုဏ်မာန် မျက်မှောင်ကြုတ်လိုက်သည်။

"အငယ်လေးတွေအနိုင်ကျင့်ခံနေရတာကို တွေ့ခဲ့ရတာလား"

"ဟုတ်တယ်ရှင် ကျောင်းအဝင်ဝမှာထဲကလှောင်ပြောင်တဲ့သူနဲ့၊ ဟင်းမှောက်ချတဲ့သူနဲ့၊ တမင်သက်သက်လမ်းမှားအောင်လုပ်တဲ့သူနဲ့....ကျွန်မရင်ကျိုးရပြီ...ကျွန်မသားလေးတွေကဘာများဖြစ်နေလို့လဲ...အရမ်းလိမ္မာပြီးချစ်ဖို့ကောင်းတဲ့ကလေးလေးတွေပါ...ဘာလို့လုပ်ရက်ကြတာလဲ"

ပြောနေရင်းမျက်ရည်တွေအိုင်ထွန်းလာသည့် ဇနီးကိုနှစ်သိမ့်ရင်း ဦးဂုဏ်မာန် အံတင်းတင်းကြိတ်လိုက်သည်။သူ့ရဲ့ရတနာလေးတွေကို ဘယ်မိမစစ်ဖမစစ်တွေကအနိုင်ကျင့်ရဲရတာလဲ
သိပ်သတ္တိရှိနေကြတာလား

အဲ့ဒီနေ့ရဲ့ ညနက်နက်အချိန် Sun အိမ်တော်ရဲ့ သခင်ကြီးအလုပ်ခန်းထဲမှာ သားအဖနှစ်ယောက်ခေါင်းချင်းဆိုင်ပြဿနာတစ်ရပ်ကိုတိုင်ပင်နေကြ၏။သိပ်ကိုအရေးကြီးတဲ့ပြဿနာတစ်ရပ်ကိုတိုင်ပင်နေကြသလိုနှစ်ယောက်လုံးရဲ့မျက်နှာက လေးနက်မှုအပြည့်

"ဖေဖေ ဒီကောင်တွေပဲ သားစုံစမ်းပြီးပြီ"

"သူတို့ မိသားစုကိုပညာပေးလိုက်
သူတို့သားသမီးတွေကို အငယ်လေးတွေကမခွင့်လွှတ်မချင်း အဲ့မိသားစု ဦးမမော့လာစေနဲ့"

"အငယ်လေးတွေကို သားတောင်လေသံမာမာနဲ့မပြောဖူးတာကို
အတင့်ရဲတဲ့ကောင်တွေ !
အကိုကြီးတစ်ယောက်ရဲ့ဒေါသကိုမြည်းခိုင်းလိုက်မယ်"

"ဟေး သားကြီး အဖေ့ဒေါသလဲပါတယ်ကွ"

"စိတ်ချပါ ဖေဖေရ ကျွန်တော်နှစ်ဆ ပညာပေးလိုက်မယ်"

HE GAVE ME A CANDYWhere stories live. Discover now