အပိုင်း-(၁)

187 15 4
                                    

[Zawgyi +Unicode]

" ဟိတ်ကောင်တွေ မှောင်မှောင်မဲမဲထဲမှာ နှစ်ယောက်ထဲဘာထိုင်လုပ်နေကြပြန်ပြီလဲကွယ်…အကုန်ထမင်းစားနေကြပြီဆိုတာမသိဘူးလား သွား…အခုထမင်းသွားစားကြတော့…ခြင်တွေကိုက်ရကိုက် အပြင်မှာလာထိုင်နေရတယ်လို့ ဒီကလေးတွေလည်း တစ်ကယ်ထဲ "

" ကျွန်တော်တို့ ခဏနေဝင်သွားလိုက်ပါ့မယ်ဒေါ်ကြီး
ကျွန်တော်တို့ကိုမစောင့်ပါနဲ့ ဒေါ်ကြီးဝင်နှင့်ပါ "

" ပြီးရော အကြာကြီးနေမနေကြနဲ့!
သွေးလွန်တုပ်ကွေးဖြစ်ရင် ဘယ်သူမှလာပြီးဆေးဖိုးဝါးခ အကုန်မခံဘူး ဒေါ်ကြီးပဲရှင်းရမှာ
ကိုယ့်ဘဝကိုယ်သိကြ "

အရှေ့က သက်လတ်ပိုင်းမိန်းမတစ်ဦး ပြောသမျှကိုယ် ကောင်လေးနှစ်ယောက်ကတော့ ခေါင်းလေးငုံ့ပြီးသား နားထောင်နေရှာသည်။
ဒေါ်ကြီး ပြောလည်းပြောသင့်ပါတယ် သူတို့ကမိဘမဲ့တွေမဟုတ်လား ဒီလိုနေရာလေးမှာ ခေါ်ပြီးထိန်းသိမ်းပေးထားတာနဲ့တင် ဒေါ်ကြီးကျေးဇူးကားကြီးမားလှသည်။

ဂျုံးဂု သူ့အရှေ့ကခေါင်းလေးငုံကာ မှိုင်နေသော
ထယ်ဟျောင်းရဲ့ ပုခုံးလေးအားဖြေးညင်းစွာကိုင်ရင်း…

" ဟျောင်း ထမင်းသွားစားကြရအောင်……

ချပ်!

" အ့ ဘာလည်း ဟျောင်းရဲ့ "

" ဒီမှာလေ…

အသားလွတ်ကြီး သူ့ပါးကိုလာရိုက်သော ထယ်ဟျောင်းကြောင့် ဂျုံးဂုဘာဖြစ်တာလည်းပေါ့……

" ခြင်ကြီးမင်းပါးကိုကိုက်နေတာ"

ဂျုံးဂု ပါးပေါ်ကခြင်ကိုယ် ထယ်ဟျောင်းက လက်နဲ့တစ်ချက်ယူကြည့်လိုက်ပြီးမှ ခါထုတ်လိုက်သည်။

" အော်…ဘာများဖြစ်တာလည်းလို့
ကျေးဇူးပါ ဟျောင်းး "

" ရပါတယ်…လာလေ ငါတို့လည်းဝင်ကြရအောင်
ထမင်းက ငါတော့ စားချင်စိတ်မရှိလို့မစားတော့ဘူး မင်းစားရင်စားပေါ့ "

" ဘာလို့လည်း ဟျောင်း"

" ဟင့်အင်းဒီအတိုင်းပဲ ငါအိပ်ခန်းဆောင်ပြန်နှင့်ပြီ "

 𝐈𝐍𝐂𝐎𝐌𝐏𝐀𝐑𝐀𝐁𝐋𝐄  𝐔𝐬~Where stories live. Discover now