🌈ဦးကိုချစ်တဲ့ကောင်လေး 🌈
🌈အပိုင်း ၆ 🌈
_______________________________အပြုံးတို့ ရန်ကုန်ကို ည ပိုင်းလောက်ရောက်ဖြစ်သည် ။
ည၏ မှောင်မိုက်မှုတွင် အိမ်ကြီး၏ မီးတွေသည် လင်းထိန် နေသည် ။
အပြုံးအံံ့သြမှင်တက်မိသည်မှာအမှန် ။အပြုံးသည် ရွာမှာပဲ နေသည့်လူဆိုတော့ မြို့ကြီးပြကြီးတွေကိုမရောက်ဖူးပေ ။ ဦးကို ဒီလိုနေရာမျိုး ခေါ်ပြချင်လိုက်တာ ဟု၍ အပြုံးစိတ်ထဲ ပြောနေမိခြင်းဖြစ်သည် ။
" အပြုံး လာ အိမ်ထဲမှာ Boss ရှိ ရင် အိတ်ဆက်ပေးမယ် ။ မရှိရင်တော့ နောက်နေ့မှ ပေါ့ "
" ဟုတ်ကဲ့ ။ ဒါနဲ့ အပြုံးနဲ့အတူတူ ဦးကို ကူရှာပေးရမယ်နော် "
" ဟုတ်ပါပြီဗျာ "
ရန်လင်း၏ စကားကြောင့်အပြုံးသွားလေးများပေါ်အောင်ရယ်မိလိုက်သည် ။
ကောင်လေးရဲ့အပြုံးမှာ ရန်လင်းမှင်တက်မိနေ၏ ။
နာမည်နှင့်လိုက်အောင် အပြုံးကောင်းသူလေးရေ မင်းရဲ့ ဘဝက ခက်ခဲလှချည်ရဲ့ကွာ ။အပြုံးအိမ်ထဲဝင်သောအခါ အသက် ၅၀ ခန့် အမျိုသမီးကြီးတစ်ဦးက ကိုရန်လင်းကို ခေါ်နေသည် ။
ကိုရန်လင်းသည် ထိုအမျိုးသမီးနားသို့သွားရောက်လိုက်သည် ။အပြုံးကတော့အထုပ်ကလေးပိုက်ကာ ကိုရန်လင်း၏နောက်မှာ ရပ်နေလိုက်သည် ာယ
" ရန်လင်း သား အဲ့ဒါမင်းပြောတဲ့ကောင်လေးလား "
" ဟုတ်တယ် ဒေါ်ကြီးရေ ။ အော်ဒါနဲ့ Boss ရော "
ဒေါ်ကြီးဆိုသူသည် ဒီအိမ်ကြီး၏အိမ်ထိန်း ဒေါ်ဝါရွှေ ဖြစ်၏ ။
Boss ငယ်ငယ်ကတည်းက ထိန်းလာသောကြောင့် မိသားစုဝင်ကဲ့သို့ပင်ဖြစ်နေသည်။" သားဇော်ရိန် က အိပ်နေလေပြီ ။ ပင်ပန်းလို့တဲ့ "
" ဟုတ်ကဲ့ ပါဒေါ်ကြီး ။ အဲ့ဆို အပြုံးကို နောက်နေ့မှပဲ မိတ်ဆက်ပေးတော့မယ် ။ အပြုံး ဒီက ဒေါ်ကြီးက ဒေါ်ကြီးဝါရွှေ ။ မှတ်ထားနော် အပြုံး "
" ဟုတ်ကဲ့ကိုရန်လင်း ။ "
" ဘာ အပြုံးနေရမယ့်အခန်းပြမယ် လာ "