🌈ဦးကိုချစ်တဲ့ကောင်လေး 🌈
🌈 အပိုင်း ၅ 🌈
_______________________________
" အပြုံးရယ် ထမင်းလေးစားလိုက်ပါ "
ကြီးငွေခင်သည် အပြုံးအားချော့မော့၍ ထမင်းကျွေးနေ၏ ။
ဒီကောင်လေး ထမင်းမစားသည်မှာ ၃ ရက်ပင်ပြည့်ခဲ့ပြီ ။ လူညိုချော ဆုံးပြီဟု သိကတည်းပေါ့ ။အပြုံးရဲ့ စိတ်ထဲမှာ လူညိုချော မသေဆုံးသေးဘူးဟုမှတ်ယူထားပုံပင် ။ ထမင်းလဲ မစား ရေလည်းမသောက်သောကြောင့် အပြုံးရဲ့နှုတ်ခမ်းတွေű ဖြူပြီးခြောက်သွေ့နေလေ ၏ ။
အပြုံးသည် ယခင့ကခက်လည်းပိန်းသွား ၏။ ယခင်က ပျော်ပျော် ရွှင်ရွှင် ပြုံးပြုံးပျော်ပျော်နေတတ်သည့်ကောင်လေးက ဘယ်ရောက်သွားပါလိမ့် ။
အော် ကံက္မြာ ရယ် ရက်စက်လှချည်လား ။ အပြုံးလေး ကို သူ့မိဘတွေက ဒီရွာလေးမှာ စွန့်ပြစ်ခဲ့သည် ။
ပြီးတော့ သူ့ရဲ့မွေးစားအဖေ ဖြစ်သူကကိုလည်း ဆုံးသွားခဲ့ပြီ ။
ယခု အပြုံးအရမ်းချစ်တဲ့ ယောက်ျားကိုပါ ဆွဲခေါ်ထုတ်သွားတဲ့ လောကကြီးရယ် အပြုံးကို စာနာပါဦး ဟု ပြောလိုက်ချင်မိသည် ။ယခု တစ်ရွာလုံးက အပြုံးအတွက်စိတ်မကောင်းကြပေ ။
" အပြုံး သား ထမင်းစားမှ သားလူညိုချော ပြန်လာရင် အားရှိပြီးကျန်းမာနေမှာပေါ့ "
ကြီးငွေခင်၏ စကားကြောင့် အပြုံးသည် ကြီးငွေခင်ကိုကြည့်ပြီး တိုးလျလျလေးပြော၏ ။
" ဦးက တကယ်ပြန်လာမှာလို့ပြောတာ တစ်ယောက်မှ မယုံကြဘူး ။ ဟင့် ကြီးငွေခင်....က ယုံတယ်မလားဟင် "
မတတ်သာသည့်အဆုံး ကြီးငွေခင်လည်းမုသားသုံးလိုက်ရတော့သည် ။ မဖြစ်နိုင်ဘူးဆိုတာသိပေမယ့် ဒီကလေးအတွက် မုသားသုံးရလဲအရေးမကြီးပေ ။
" ဟုတ်တာပေါ့ အပြုံးရဲ ့ အပြုံးထမင်းများများစား နော် သိလား အာ "
ကြီးငွေခင်သည် အပြုံးကို ဇွန်းလေးဖြင့်ဆန်ပြုတ်တိုက်၏ ။ အပြုံးလည်းသောက်ရှာပါသည် ။
ဘေးနားရှိလူတွေသည် လည်း.အပြုံးကိုကြည့်ရင်းမျက်ရည်တွေကျလာသည်အထိ ။
ကြီးငွေခင်သည် အပြုံးအား ဆန်ပြုတ်တိုက်ပြီးသည့်အခါ