1

1.5K 56 0
                                    





လမင်းယဉ်ဒီနေ့အဖို့ ဟင်းချက်သင်တန်းလေးကို ပိတ်လိုက်ပြီး တိုက်ခန်းကိုပဲ ပြန်လာလိုက်သည်။ လာတဲ့လမ်းတစ်လျှောက်တွင် တိုက်ခန်းမရောက်ခင် ဆိုင်ခန်းအတန်းကြီးများ ရှိနေရာ... လမင်းယဉ်၏ စိတ်ဝင်စားမှုကို ဖမ်းယူသွားနိုင်တဲ့ အရာက ကလေးပစ္စည်းလေးများ ရောင်းသည့် ဆိုင်ပင်။

လွမ်းလည်း ခါတိုင်းနောက်ကျသည်က များတာကြောင့် အဆင်ပြေတာနှင့် ဘာရယ်မဟုတ် ထိုဆိုင်လေးကို ခနဝင်ကြည့်လိုက်မိသည်။

ဆိုင်လေးမှာ လူရှင်းနေပြီး ‌ဝန်ထမ်းကောင်မလေး သုံးယောက်လောက်သာ ရှိနေ၏။ ကောင်မလေးတွေကို ခပ်လေးလေးသာ ‌ပြုံးပြလိုက်ပြီး လျှောက်ပတ်ကြည့်နေမိကာ... ကလေးအဝတ်ပိစိလေးများ၊အသည်းယားစရာကောင်းတဲ့ ဖိနပ်တိုတိုပုစိလေးများ၊ကလေးကစားစရာများနှင့် နို့ဘူး၊ပုခက်၊ခြင်ထောင်၊ ဦးထုပ်အစုံရှိသည်။ ထိုထဲကမှ သူသဘောကျမိသွားတာက မက်မွန်သီးအရောင်ဖိနပ်လေးပင်။ ထိုဖိနပ်လေးက ယောက်ကျားလေးရော မိန်းကလေးရော စီးလျှင် လိုက်မယ့်ပုံရှိကာ အပေါ်မှာလည်း အဖြူကွတ်လေးတွေနဲ့ တကယ့်ကို အရုပ်ဖိနပ်လေးလိုမျိုး ချစ်ဖို့ကောင်းလှသည်။

လမင်းယဉ် သူက ကလေးတွေကို အရမ်းချစ်တတ်ပြီး.. ကိုယ်ပိုင် သွေးသားလေးတစ်ယောက်လည်း လိုချင်မိပေမယ့် ကိုယ်နဲ့ ချစ်ရတဲ့သူရဲ့ ရင်သွေးကိုပဲ ဆန္ဒရှိသည်။ သူကိုယ်တိုင်ကိုက ယောက်ကျားလေး‌ဖြစ်နေရက်နဲ့ ကိုယ်ဝန်ဆောင်လို့ ရနိုင်တာကိုလည်း သူသိပါသည်။ ဒါပေမယ့် ခေါင်လွမ်းတည်က အချုပ်အနှောင်မကြိုက်သူပီပီ ကလေးတွေကိုလည်း မချစ်တတ်ပေ။ ထို့ကြောင့် သူ့မှာ ရင်သွေးလိုချင်ကြောင်း လွမ်းကို ပြောဖို့ရာ ကြောက်နေမိခဲ့ခြင်းဖြစ်တယ်။

ပြီးတော့ သူတို့က တရားဝင်လက်ထပ်ထားတာလဲ မဟုတ်ချေ။ ချစ်သူဘဝမျိုးလဲမဟုတ်၊ လင်လင်တွေလည်း မဟုတ်ပေ။ ဒီတိုင်း living together ချစ်နေကြသည့် ဆက်ဆံရေးမျိုးဖြစ်သည်။ သူကိုယ်တိုင်ကလည်း လိုလိုလားလားလက်မထပ်ပဲ တူတူနေကြမယ်ဟု သဘောတူထားတာကြောင့် အကယ်လို့ ရင်သွေးလေးများ ပေါ်လာခဲ့ရင် သေချာပေါက် ပတ်ဝန်းကျင်အမြင်မာ အိမ်ထောင်တစ်ခုဖန်တီးရပေမည်။ မတော်လို့ ရင်သွေးကိစ္စအတွက် ရန်ဖြစ်ကာ ရှိနေသည့် ဆက်ဆံရေးလေးပါ ပြိုကွဲမသွားစေချင်တာကြောင့် လမင်းယဉ်ထိုအတိုင်းသာ စိတ်ကူးလေးနဲ့ပဲ သူ့သွေးသားလေးကို ချစ်နေရသည်။

Living together ( one shot )Where stories live. Discover now