2

1.2K 59 0
                                        



ထိုရက်ကစပြီးနောက်‌ပိုင်း ခေါင်လွမ်းတည်က လမင်းယဉ်ကို အလွန်ပင် ချုပ်ချယ်၊ထိန်းကွတ်ကာ အလိုလည်းမလိုက်တော့ပေ။ ဉပမာ .. အစပ်စားချင်တာတို့၊ ချဉ်တဲ့သီးစုံချဉ်ပေါင်းတွေ၊ ဟင်းချက်တာတွေ၊ကိုယ့်ဟာကိုယ် အဝတ်လျှော်တာတွေကို တားမြစ်ကာ လွမ်းကပဲ အလုပ်ပစ်ပြီး ဒိုင်ခံလုပ်တော့သည်။

ဒီလိုနဲ့ ကိုယ်ဝန်လ 6လပိုင်းလောက်ရောက်တော့ ခြံပါသည့် အိမ်ကို လွမ်းက ယဉ့်အား ချစ်သက်လက်ဆောင်ပေးခဲ့ပြီး အဲ့မှာပဲ ပြောင်းနေကြတော့၏။ ပြီးတော့ ထိုရက်က ယဉ့်အား စပရိုက်တိုက်ကာ လက်ထက်ခွင့်ပါ တောင်းခဲ့ပြီး အကျဉ်းချုပ် ကိုယ်ဝန်ဗိုက်ပူလေးနှင့် လက်ထက်ခဲ့ကြသည်။ OG doctorနဲ့ အစရှိတဲ့ နီးကပ်သည့်လူအချို့ကိုပဲ ဖိတ်ကြားပြီး စားသောက်ပွဲလေးပြုလုပ်ခဲ့သည်။ မိဘဆွေမျိုးတို့ကတော့ နှစ်ယောက်လုံးဖက်မှ အမွှေပြတ်စွန့်လွှတ်ထားသည်မို့ မလာကြပေ။ လာလည်း သူ့ရဲ့ ဗိုက်ပူလိမ္မာလေး စိတ်ဆင်းရဲမည်ဆိုးတာကြောင့် လွမ်းက အသိကို မခံခြင်းသာ။

ဗိုက်လေးပူလာသည်နှင့်အမျှ လမင်းယဉ်လေးက အတော်ပင် လိမ္မာလာပြီး ငြိမ်ငြိမ်လေးပဲ နေတော့သည်။ ကိုယ်ဝန်ဆောင်နေသည့် ကာလပတ်လုံး ယောက်ကျားကို ရစ်တာ၊ ချွဲတာ၊ ချဉ်ခြင်းတက်တာမျိုးတွေလည်း မလုပ်ခဲ့ပေ။ သူ့ရဲ့တစ်ဦးတည်းသော ယောက်ကျားခေါင်လွမ်းတည် စိတ်ပျက်သွားကာ ဗိုက်တစ်လုံးနှင့် ပစ်ထားခဲ့မှာကြောက်သည်ကြောင့်ဖြစ်၏။

‌၈လပိုင်း****

" ယဉ့် ချောလဲမယ် ကိုယ်ထိန်းပေးထားတယ် ဖြေးဖြေးလျှောက် အလျင်မလိုနဲ့ "

" အွန်းပါ လွမ်းရယ် ယဉ်ဖြေးဖြေးပဲ လျှောက်နေတာပါ ယောက်ကျားအရမ်း စိတ်ပူလွန်ပြီ "

" လမ်းလျှောက်ပေးတာ ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းတယ်ဆိုပေမယ့် ယဉ့် ခြေလက်တွေ ကိုက်ခဲမှာလည်း စိုးရသေးတယ် ယဉ်ကလည်း "

သာယာသည့် ခြံဝန်းလေးထဲဝယ် ကျန်းမာဖို့ လမ်းလျှောက်နေသော ဗိုက်ပူလိမ္မာလေးနှင့် သူ၏ ပိုင်ဆိုင်ရာတို့..

_____

၉လပိုင်း*****

" ယဉ် သားလေးကန်ရင် ကိုယ့်ကိုပြောနော် ကိုယ်ဆူပေးမယ် "

You've reached the end of published parts.

⏰ Last updated: Feb 04, 2022 ⏰

Add this story to your Library to get notified about new parts!

Living together ( one shot )Where stories live. Discover now