ငါရွေးချယ်ခဲ့တဲ့ ဂရုစိုက်မှုက အစစ်အမှန်မှ မဟုတ်ပဲ
အတုတွေကို အစစ်အမှန်လို့ ထင်ခဲ့မိတယ်
ငါ့အကြောင်း သနားစဖွယ် ပြောပြရင်း မြို့မေတ္တာခံယူခဲ့တယ်
ငါ အထီးကျန်နေကြောင်း ပြောပြဖို့ရာ ငါ မရှက်ခဲ့ပါဘူး
ဘာလို့ဆို ငါ့ဆီ မေတ္တာအစစ်အမှန်တွေသာ လာမယ် ထင်မိလို့ပေါ့
ငါ့ရဲ့ သီးသန့်နေရာလေးထိ ပျောက်ဆုံးခံပြီး ငါပေးလိုက်ရတာတွေအတွက် ဘာပြန်ရခဲ့လဲ?လွယ်လွယ်လေး လွှတ်မပေးလိုက်မိတဲ့ စိတ်ကို ကျေးဇူးတင်တယ်
အခုချိန်ထိ ဟန်ကိုယ့်ဖို့ နေနိုင်လို့...
ရှေ့လျှောက်လည်း အထီးကျန်ဦးမှာမို့ နင့်မှာ နင်ပဲ ရှိတယ်လို့ ငါ့စိတ်ကို နှစ်သိမ့်ဖို့ အချိန် ထပ်ယူရဦးတော့မှာပေါ့