:)

40 0 0
                                    






မတ်​မတ်​ရပ်​​နေခဲ့


တရက်​မှ မ​ပျော်​ခဲ့ဖူး






တခါတ​လေ ခါးသက်​သက်​ အရက်​​တွေက ကိုယ့်​ရဲ့ အိပ်​စက်​ရာ ဖြစ်​မယ်​ ဆိုတာမျိုး​ပေါ့









သြော်​ ​ဒီလိုနဲ့ ...

လေပူ​တွေ ​ဝေ ဖုန်​ထူ​တွေ ထ..


ကိုယ့်မှာ အဲ့ဒီတခုတည်းကိုပဲ အားကိုး​နေခဲ့ရ

အဲ့ဒီတခုတည်းကိုပဲ ​မျှော်​လင့်​နေခဲ့ရ

ကိုးကွယ်​တယ်​ဆိုတဲ့ အသိထက်​ မှီတွယ်​မိတဲ့အခါ

ဆင်​ခြင်​ညဏ်​ကို ​လောဘဖုံးသွားသလိုပဲ

အခု ​ချောက်​ကမ်းပါး အစွန်းမှာ

မတ်​မတ်​ရပ်​​နေခဲ့

​အောက်​ပြုတ်​ကျ ဦးမလား ​တွေးပြီး

တရက်​မှ မ​ပျော်​ခဲ့ဖူး

ကိုယ်​လား .. အင်း.... လွမ်း​မော ဖူးတာ​ပေါ့

သူများ​တွေလို စိတ်​ကူးယဉ်​ဖူးတာ​ပေါ့

သူများ​တွေလို ဖြစ်​ချင်​တာ လုပ်​ချင်​တာ လုပ်​ခွင့်ရချင်​တာ​ပေါ့

ကိုယ်​လဲ အိမ်​မက်​​တွေ မက်​ဖူးတာ​ပေါ့

တခါတ​လေ ပြင်းရှရှဝိုင်​​တွေက ကိုယ့်ရဲ့ အ​ဖော်​ ဖြစ်​မယ်​

တခါတ​လေ ခါးသက်​သက်​ အရက်​​တွေက ကိုယ့်ရဲ့ အိပ်​စက်​ရာ ဖြစ်​မယ်​ ဆိုတာမျိုုး​ပေါ့

အခုတ​လော ​ရေစီးသံ​တွေ မကြားရတဲ့ ကိုယ့် ကမ္ဘာဟာ မငြိမ်းချမ်း​တော့ဖူး

လူတ​ယောက်​ကို ဘယ်​ အ​ကြောင်းပြချက်​နဲ့မှ မလိုအပ်​ပါဖူးလို့ အတင်းအကြပ်​ ကိုယ့်ဘာကိုယ်​ ပြန်​ငြင်းဆန်​​နေခဲ့ရ

ကိုယ့်ဘာကို ​ေ-ာက်​ရှက်​မဲ့တာလဲ သိတယ်​

အမှန်​တကယ်​ကျ တချို့​သော စိတ္တဇ နာမ်​​တွေက မကြုံဖူး​တော့ မျက်​စိထဲ​ရော အ​တွေးထဲ​ရော မခမ်းနားဖူး

ဒါ​ပေမဲ့ လိုအပ်​မှန်း​တော့ သိတယ်​

ဒီ​နေ့ ကိုယ့် ​ကောင်းကင်​မှာ ကြယ်​​ရော ​လေ​ရော မရှိဖူး

​ခြောက်​ကပ်​ကပ်​နဲ့ ​ ကိုယ့်စိတ်​ကို ​အေးသက်​​အောင်​ ​ချွေးသိပ်​​ပေးခဲ့ရ

တင်းကြပ်​မှု​တွေဟာလဲ ခါးလှသကိုး။

​သြော်​ ​ဒီလိုနဲ့ ...

​လေပူ​တွေ ​ဝေ ဖုန်​ထူ​တွေ ထ..

မိုး​နှောင်းရက်​​တွေ ​ကြွေ..။

အိပ်မက်မက်၍ သေလွန်သည်Where stories live. Discover now