♡︎ 𝐇𝐚𝐩𝐩𝐲 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞 ♡︎

1.3K 174 26
                                    

Unicode;

ပြတင်းပေါက်မှန်အကြည်တွေကနေတစ်ဆင့်နေရောင်ခြည်တစ်ရိပ်ရိပ်ဟာ ခန့်ညားပြီးချောမောတဲ့မျက်နှာ‌ပေါ်ကို လာရောက်ထိတွေ့လာတာကြောင့် ချထားတဲ့မျက်လွှာလေးကိုတစ်ချက်ဖွင့်၍ Night Stand ပေါ်က ဖုန်းကိုလှဲနေရင်းနဲ့ပင် လှမ်းယူလိုက်သည်~

"ဘယ်နှနာရီ‌ထိုးပြီလဲသိဘူး"

8:00 Am~

"ရေးးးးနောက်ဆုံးတော့ 8:00 တောင်ထိုးပြီကွ"

စောင်ပုံထဲကနေ ဝရုန်းသုန်းကားထ၍ မွေ့လျာ့အိအိပေါ်ကိုထခုန်နေမိသည်~

အိပ်ဆေးတွေအထိပါသောက်ထားတာတောင် သူ့မှာမိုးလင်းခါနီးလေးကမှအိပ်ပျော်သွားခဲ့တဲ့အဖြစ်..

ဒီနေ့က ချစ်သူများနေ့ဖြစ်သည့်အပြင် ဒီနေ့ရောက်ရင်တစ်နေ့လုံးလျှောက်လည်ပြီး လိုချင်တာမှန်သမျှဝယ်ပေးမယ်ဆိုတဲ့ ချစ်သူရဲ့စကားကြောင့် သူ့မှာကတည်းကအိပ်ပျော်ခဲ့~

တစ်ခြားသူတွေအမြင်မှာဒီဖြစ်စဉ်က အရမ်းပိုလွန်းတယ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော့်အတွက်ကတော့ သူ့မျက်နှာကို အပြင်မှာမြင်တဲ့နေ့ကသိပ်ကိုရှားလွန်းသည်...

ကျွန်တော့်ချစ်သူကကမ္ဘာ့ထိပ်တန်းဝင် အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တာမို့ တစ်ရက်မျှအားသည့်ရက်ဆိုတာမရှိပေ...

ကျွန်တော်တို့နှစ်ယောက်တွေ့သည်အချိန်မှာလည်း တစ်နှစ်ကိုမှ Anniversary နေ့ရယ် ဒီနေ့လို Valentine Day နေ့ရယ် အဲ့အချိန်လောက်ပဲမျက်နှာလေးအပြင်မှာတွေ့ခွင်တယ်..ကျန်တဲ့နေ့တွေဆို Video Call နဲ့သာ နေ့တစ်နေ့ရဲ့အစကနေအဆုံးကို အိပ်ချိန်ကနေဖဲ့ပြောတတ်ကြသည်...ဒီပုံစံအတိုင်းသာကြာကြာနေရင် နောက်ဆိုကျွန်တော်သူ့မျက်နှာတောင်မှတ်မိပါ့လားသိဘူး ..

𝐇𝐚𝐩𝐩𝐲 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞 ♡︎(One Shot)Where stories live. Discover now